DVB Logo
Home
မြန်မာသတင်း
လက်နက်ကြီးထိမှန် ကျဆုံးခဲ့သည့် ၆ နှစ်သမီးငယ်အပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၈၁ ဦး ရှိလာ
DVB
·
October 19, 2021
လက်နက်ကြီးထိမှန် ကျဆုံးခဲ့သည့် ၆ နှစ်သမီးငယ်အပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၈၁ ဦး ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၈ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၁၈၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၉၀၄၃ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၃၅၅ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၅၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၈၉ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ရွှေကူတဲစုကျေးရွာက ကိုမျိုးဆွေကို အကြမ်းဖက် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေက အောက်တိုဘာ ၁၆ ရက်နေ့ မနက်အစောပိုင်းက ဖမ်းဆီးသွားခဲ့ပြီး သူတို့တပ်စွဲထားတဲ့ ပျဉ်ထောင်ကျေးရွာမှာ တနေ့လုံး ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့ကာ ည ၁၀ နာရီလောက်မှာ ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။

ချင်းပြည်နယ်၊ မတူပီမြို့မှာ အောက်တိုဘာ ၁၆ ရက်နေ့လယ်ပိုင်းက အကြမ်းဖက်စစ်အုပ် စုတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ တောင်ယာတဲတစ်လုံးပေါ်ကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် တဲအတွင်းရှိ အသက် ၆ နှစ်အရွယ် မိန်းကလေးတယောက် ကျဆုံး သွားခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် တရက်တည်းမှာပဲ မတူပီမြို့က ဦးလိပ်ချွဲ့ဟာ ဝါဥ ခြံကိုသွားချိန်မှာ အကြမ်းဖက်စစ်အုပ်တပ်က ထောင်ထားခဲ့တဲ့ မိုင်းနင်းမိခဲ့ပြီး ကျဆုံးသွား ခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီး မေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013