DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်တိုက်ပွဲသတင်း မှားယွင်းရေးသားချက်အပေါ် ကေအန်ယူ သတိပေး
DVB
·
October 17, 2021
ကော့ကရိတ်တိုက်ပွဲသတင်း မှားယွင်းရေးသားချက်အပေါ် ကေအန်ယူ သတိပေး
Donate to DVB

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် (ကရင်အမျိုးသားအစည်းအရုံး- ကေအန်ယူထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်) အတွင်း စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲသတင်းမှာ သတင်းဌာနတချို့က မှားယွင်း​ရေးသားတာတွေ ရှိနေတာကြောင့် ကေအန်ယူ တပ်မဟာ ၆ က ဒီနေ့ သတင်းထုတ်ပြန် အသိပေးလိုက်ပါတယ်။

နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့တပ်နဲ့ နယ်မြေခံလုံခြုံရေးယူနေတဲ့ ကေအန်အယ်လ်အေ တပ်ရင်း ၁၈၊ ၁၇ တို့နဲ ​တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး  သတင်းဌာနတချို့က တိုက်ပွဲအကြောင်း ရေးသားဖော်ပြရာမှာ  KNLA နဲ့အတူ ပူးပေါင်းတပ်ဖွဲ့တွေ၊ Eagles Brigade တပ်ဖွဲ့တွေ ပါဝင်နေတဲ့ ရေးသားချက်တွေဟာ သတင်းမှားသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒူးပလာယာခရိုင်နယ်မြေအတွင်း တပ်မဟာ ၆  ကေအန်အယ်လ်​အေတပ်ဖွဲ့​​မှအပ တခြားမည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမျှ အခြေချနေထိုင်ခွင့် မပြုကြောင်းကို အတိအလင်း အသိပေးထားပြီး ဖြစ်ပါတယ်။

လက်ရှိ မြေပြင်မှာဖြစ်တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ နယ်မြေ ကျူးကျော် ဝင်ရောက်လာတဲ့အတွက် ကေအန်အယ်လ်အေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေသာဖြစ်လို့ သတင်းမီဒီယာတချို့က တခြားသောအဖွဲ့တွေ ပူးပေါင်းပါဝင်နေတဲ့ ဖော်ပြရေးသားချက်ဟာ လက်ရှိ အခြေအနေတွေကို ပိုမိုရှုပ်ထွေးစေတဲ့အပြင် ဒေသခံပြည်သူတွေကို စိုးရိမ်မှု မြင့်တက်စေပါတယ်။

ကော့ကရိတ်မြို့နယ် ရွာသစ်ကျေးရွာသား တစ်ဦးက “ဒေသခံတွေ သိထားတာက တပ်မဟာ ၆ နယ်မြေမှာ ဘယ်အဖွဲ့အစည်းမှ အဝင်မခံဘူး။ သတင်းတွေမှာ ပူးပေါင်းအဖွဲ့တွေ၊ ခွဲထွက်တွေ ဖော်ပြနေတာ လက်တွေ့မြေပြင်မှာ ကေအန်ယူပဲ ကျနော်တို့ သိတယ်” လို့ ပြောပါတယ်။

ဒူးပလာယာခရိုင်အတွင်း အမှန်တကယ် အခြေချလှုပ်ရှားခြင်း မရှိတဲ့ အဖွဲ့အစည်းနာမည်တွေကို ရေးသားဖော်ပြခြင်း မပြုလုပ်ဖို့ သတိပေးထုတ်ပြန်ထားပါတယ်။ ဘယ်သတင်းဌာနတွေက မှားယွင်းဖော်ပြတယ်ဆိုတာတော့ ထုတ်ပြန်ချက်မှာ မပါရှိပါဘူး။

တပ်မဟာ ၆ ခရိုင်တာဝန်ရှိသူကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားရာမှာ ဆက်သွယ်မေးမြန်းခွင့် မရခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013