DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းက ပရဟိတသမားနေအိမ် စီးနင်းခံရ၊ ဆိုင်ကယ်အပါအဝင် ငွေနှင့်ပစ္စည်းများ ယူဆောင်
DVB
·
October 17, 2021
စစ်ကိုင်းက ပရဟိတသမားနေအိမ် စီးနင်းခံရ၊ ဆိုင်ကယ်အပါအဝင် ငွေနှင့်ပစ္စည်းများ ယူဆောင်
Donate to DVB

စစ်ကိုင်းမြို့ တကောင်းရပ်ကွက်ရှိ ပရဟိတသမားတစ်ဦးရဲ့ နေအိမ်ကို အောက်တိုဘာ ၁၆ ရက် ည ၁၁ နာရီအချိန်လောက်က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)SERT မှ ကိုရှိုင်းကို ဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့ပေမဲ့ ကိုရှိုင်းကိုဟာ နေအိမ်မှာ မရှိတာကြောင့် ဖမ်းဆီးမခံလိုက်ရဘူးလို့ သိရပါတယ်။

ဒီလို ဖမ်းဆီးရမိတာမရှိပေမဲ့ စစ်ကောင်စီတပ်သားတွေဟာ အိမ်မှာရှိနေတဲ့ ငွေဆယ်သိန်းကျော်၊ Laptop၊ ဆိုင်ကယ်နဲ့ အခြား အိမ်တွင်းပစ္စည်းတချို့ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

“ကိုရှိုင်းကို အိမ်ကို ဘယ်လိုအကြောင်းကြောင့် ဝင်ရှာတယ်မသိဘူး။ သူက ဘာမှ လုပ်ထားတာလည်း မရှိဘူး။ အခု သူလည်း တခြားနေရာကို ရှောင်နေရတယ်” လို့ ကိုရှိုင်းကိုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း) SERT မှ ဦးဆောင်သူတချို့လည်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013