Home
သတင်းဓာတ်ပုံ
မြဝတီ-မဲဆောက် တံတားအမှတ် ၂ သီတင်းကျွတ်ကာလ ၅ ရက်ပိတ် (ဓာတ်ပုံ)
DVB
·
October 17, 2021
245688371_4385978291510154_7255683581178898489_n
245603535_443311487213416_8158454305499134569_n
245589372_1626923257647126_5820855852574254680_n
244991924_382913120044762_1095045871013185921_n
244649839_620116095686908_2618420117664986207_n
244633338_248346567257605_4863634278908383140_n
244468201_1058442028237267_8625460984252973876_n

မြန်မာသီတင်းကျွတ်ကာလ မြဝတီ-မဲဆောက်မှာရှိတဲ့ နယ်စပ်ဝင်ပေါက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် ၂ ကို အောက်တိုဘာ ၁၇ ကနေ ၂၁ ရက်အထိ ပိတ်လိုက်တယ်လို့ သိရပါတယ်။

ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ကြိုဆိုလက်ခံရတဲ့ အခက်အခဲရှိတာကြောင့် ပိတ်လိုက်တာဖြစ်ပြီး အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်ဖို့ ပုံမှန်ပြန်လည်လက်ခံ ဖွင့်ပေးသွားမှာ ဖြစ်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ကနေ တစ်ရက်ခြား ၅၀၀ ဦး လက်ခံကြိုဆိုနေပြီး ကျန်းမာရေးမကောင်းဘဲ ပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ရှိပါတယ်။

ကိုဗစ်ဗိုင်းရပ်စ် ထိန်းချုပ်နိုင်ဖို့အတွက် နယ်စပ်သဘဝဂိတ်ပေါက်တွေမှာ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ လုံခြုံရေး တင်းကျပ်ထားတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024