DVB Logo
Home
မြန်မာသတင်း
မန္တလေးဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်း နှစ်ဆကျော် မြင့်တက်
DVB
·
October 17, 2021
မန္တလေးဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်း နှစ်ဆကျော် မြင့်တက်
Donate to DVB

မန္တလေး ကြက်သွန်နီဈေးကွက်မှာ အောက်တိုဘာလလယ်အတွင်း ကြက်သွန်ဈေးနှုန်း နှစ်ဆကျော်အထိ  မြင့်တက်လာတယ်လို့ မန္တလေး ကြက်သွန်ပွဲရုံတွေထံက  သိရပါတယ်။

အောက်တိုဘာလဆန်းပိုင်းတုန်းက ကြက်သွန်နီ ၁ ပိဿာကို ငွေကျပ် ၄၀၀ ဝန်းကျင်ရှိခဲ့ပေမဲ့ လလယ်ပိုင်းမှာ ငွေကျပ် ၈၅၀၊ ၉၀၀ ကျပ်လောက်အထိ ပေါက်ဈေးရှိလာတယ်လို့ သိရပါတယ်။

ကြက်သွန်ဈေးနှုန်း မြင့်တက်လာတာဟာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဝယ်လိုက်လာလို့ ဖြစ်တယ်လို့ မန္တလေးမြို့က ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။

 “၂၀၂၁ မိုးကြက်သွန်ရာသီမှာ မန္တလေး ကြက်သွန်ဈေးကွက်မှာ အောက်တိုဘာလလယ်မှာ ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။ ဘာလို့မြင့်တက်လာသလဲဆိုတော့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကနေပြီးတော့ ခုနောက်ပိုင်းမှာ ကြက်သွန်နီဈေးကွက်ထဲကို ဝင်ရောက်ပြီးတော့  စတင်ပြီးတော့ ဝယ်ယူမှုတွေ တွေ့ရှိလာရပါတယ်။ ကြက်သွန်က တောက်လျှောက်ကြီးကို ကျဆင်းလာတာ မတ်လအတွင်းကဆို ကြက်သွန် ၁ ပိဿာကို ၂၀၀ ကျပ်ဈေးအထိ ကျဆင်းခဲ့တယ်။ ကျဆင်းခဲ့တဲ့အတွက်ကြောင့် ကြက်သွန်စိုက် တောင်သူတွေမှာ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။ ဆိုးဆိုးရွားရွား အခြေအနေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်။ ဘယ်လောက်အထိ ကျလာသလဲဆိုတော့ မိမိစိုက်တဲ့ ကြက်သွန်ခင်းကြီး ရိတ်သိမ်းခ နုတ်သိမ်းခ မခံနိုင်လို့ ပစ်ထားခဲ့ရတဲ့ အနေအထား၊ ဒီတိုင်း အခင်းတွေ ပစ်ထားတဲ့ အနေအထားအထိ ရောက်ရှိခဲ့ပါတယ်” လို့  ပြောပါတယ်။

မတ်လအတွင်းက ကြက်သွန်နီ ၁ ပိဿာကို ငွေကျပ် ၂၀၀ လောက်အထိ ကျဆင်းပြီး တောင်သူတွေ အရှုံးပေါ်ခဲ့ပေမဲ့ အခုဈေးနှုန်းဟာ သင့်တင့်တဲ့ဈေးနှုန်းအခြေအနေကို ပြန်လည် ရောက်ရှိလာတာ ဖြစ်တယ်လို့ မန္တလေး ကြက်သွန်ကုန်သည်တချို့က ဆိုပါတယ်။

“အခု ၁ ပိဿာ ၈၅၀၊ ၉၀၀ ကျပ်ဈေးကတော့ ဝယ်သူရော ရောင်းသူရော နှစ်ဘက် မျှတတယ်။ ကြက်သွန်စိုက် တောင်သူတွေအနေနဲ့ကလည်း ဒီလောက်ဆို သင့်တင့်မျှတတဲ့ အမြတ်ကို ရရှိတယ်။ ကြက်သွန်ဈေးက ဥပမာ ၁၀၀၀ တို့၊ ၁၅၀၀ တို့ ၂၀၀၀ တို့ ဟိုနှစ်တွေကလည်း ဖြစ်ဖူးတယ်။ ဖြစ်လိုက်ရင်တော့ နေ့တိုင်း စားသုံးနေတဲ့ အိမ်ရှင်မတွေအတွက် အခက်အခဲရှိနိုင်တယ်။”

ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံတွေက အိန္ဒိယက ကြက်သွန် ဝယ်ယူလေ့ရှိပြီး ၂၀၂၁ ခုနှစ်မှာ အိန္ဒိယက စိုက်ပျိုးဧက နည်းပါးပြီး ရာသီဥတု ဖောက်ပြန်ခဲ့တာကြောင့် မြန်မာနိုင်ငံက ကြက်သွန် ရသလောက် ဝယ်ယူလာနိုင်တယ်လို့ ကုန်သည်တချို့က ခန့်မှန်းပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013