DVB Logo
Home
မြန်မာသတင်း
ရန်ကုန်စျေးကွက်တွင် ကြက်သွန်နီစျေး ပြန်လည်မြင့်တက်
DVB
·
June 22, 2022
ရန်ကုန်စျေးကွက်တွင် ကြက်သွန်နီစျေး ပြန်လည်မြင့်တက်
Donate to DVB

ရန်ကုန် ဘုရင့်နောင်စျေးကွက်အတွင်းကို နယ်ဒေသအသီးသီးက ကြက်သွန်နီကား အဝင် ပုံမှန် အစီးရေ ၃၀ ကျော်ရှိခဲ့ပေမဲ့ ဇွန်လ ၁၈ ရက် ကစတင်ပြီး  အစီးရေ ထက်ဝက်လျော့ကျပြီး  ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန် ဘုရင့်နောင်စျေးကွက်ကို အခုရက်ပိုင်းအတွင်း နယ်ကြက်သွန်အဝင် တဝက်လောက် လျော့ကျခဲ့တာကြောင့် စျေးနှုန်း ပြန်လည်မြင့်တက်လာတယ်လို့ သိရပါတယ်။

ကုန်သည်တစ်ဦးက “စျေးပြန်အေးသွားလို့  အရောင်းနည်းသွားကြတာ၊ ဒီနှစ်က ကြက်သွန်လည်းရှားတယ်။ စိုက်စရိတ်တွေလည်း တက်နေတာကို စျေးပြန်ကျတော့  အရောင်းထိန်း လိုက်ကြတဲ့သဘော။ ဒီရက်ပိုင်း ဆိပ်ဖြူဘက်က ကားအဝင်မရှိဘူး။ အဝင်နည်းတော့ စျေးပြန်မာလာတယ်” လို့ ပြောပါတယ်။

ဇွန် ၂၂ရက် ဒီနေ့မှာ ရန်ကုန်ဘုရင့်နောင်ပွဲရုံကို မုံရွာ၊ ပျော်ဘွယ်၊ မိထ္တီလာ ၊မြင်းခြံ စတဲ့ဒေသတွေက ကြက်သွန်နီကား အစီးရေ ၁၅ စီးသာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်အရည်အသွေးနဲ့ အမျိုးအစားအလိုက် တစ်ပိဿာကို ၁၂၀၀ ကနေ ၁၉၀၀ကြား စျေးဖွင့်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးနှုန်းအရ ပြီးခဲ့တဲ့ မေလနှောင်းပိုင်းမှာ အမျိုးအစားအလိုက် တစ်ပိဿာကို ကျပ် ၅၀၀ ကနေ ၈၀၀ ကြားပဲရှိခဲ့တဲ့ ကြက်သွန်နီစျေးနှုန်းက ပြည်တွင်း၊ ပြည်ပဝယ်ယူမှု ပြန်အားကောင်းလာခဲ့လို့ တစ်ရိပ်ရိပ်မြင့်တက်လာခဲ့ရာမှာ  ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က  ကြက်သွန်နီတစ်ပိဿာကို ကျပ် ၁၃၀၀ကနေ ၂၁၀၀ ကြားထိ စျေးရောက်ရှိခဲ့ပါတယ်။

ဇွန် ၁၈ ရက်နေ့မှာ ရန်ကုန်စျေးကွက်ကို ကြက်သွန်နီအဝင်များလာတာကြောင့်တစ်ပိဿာကိုကျပ် ၁၁၀၀ ကနေ ၁၈၀၀ကြားကို ပြန်လည်ကျဆင်းခဲ့ပြီးတော့  အခုအခါ အဝင်နည်းပြီး ကျပ် ၁၃၀၀ ကနေ ၁၉၀၀ကြားထိ ပြန် ပြန်လည် မြင့်တက်လာတာပါ။

ကြက်သွန်စိုက် တောင်သူတွေဟာ ကိုဗစ်ရောဂါပိုးကြောင့် ကြက်သွန်စျေးနှုန်း စိုက်ပျိုးစရိတ်အောက် ရောက်ခဲ့လို့ ၂၀၂၀ နဲ့ ၂၀၂၁မှာ နှစ်နှစ်ဆက်တိုက် အရှုံးပေါ်ခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်မှာလည်း စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် နှစ်ဆ မြင့်တက်ခဲ့တာကြောင့် တောင်သူအချို့ဟာ  ပုံမှန် စိုက်ဧကထက်လျှော့ချ စိုက်ပျိုးခဲ့ကြရပါတယ်။

ဒါကြောင့် စိုက်ဧကနဲ့ အထွက်နှုန်း လျော့ကျခဲ့တဲ့အတွက် ပြည်တွင်းမှာ ကြက်သွန်ရှားပါးပြီး စျေးဆက်လက် မြင့်တက်လာနိုင်တယ်လို့ စျေးကွက်လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013