DVB Logo
Home
မြန်မာသတင်း
အခြေခံပြည်သူများ၏စားဝတ်နေရေး အကျပ်အတည်းဖြေရှင်းရန် အလှူရှင်များ ဖိတ်ခေါ်
DVB
·
October 16, 2021
အခြေခံပြည်သူများ၏စားဝတ်နေရေး အကျပ်အတည်းဖြေရှင်းရန် အလှူရှင်များ ဖိတ်ခေါ်
Donate to DVB

စစ်အာဏာရှင်လက်ထက် ရန်ကုန်မြို့က ဆင်ခြေဖုံးရပ်ကွက်တချို့မှာနေတဲ့ အခြေခံ ပြည်သူတွေဟာ အလုပ်လက်မဲ့ပြဿနာနဲ့ရင်ဆိုင်နေရပြီး ပုံမှန်ဝင်ငွေ မရှိဘဲ စားဝတ်နေရေး ကျပ်တည်းနေတာကြောင့် အရေးပေါ်အလှူရှင်တွေ လိုအပ်နေပါတယ်။ 

ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးကျပ်တည်းလာရာကနေ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အခြေအနေပိုဆိုးရွားခဲ့ပြီး တစ်နေ့ကို ပုံမှန် ကျပ် ၂၀၀၀၊ ၃၀၀၀ ရဖို့ မလွယ်တော့ဘူးလို့လည်း အခြေခံပြည်သူတွေက ပြောပါတယ်။

အလှူရှင်တွေ ပုံမှန် မရှိတဲ့အတွက် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးဖို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတစ်ယောက်ကလည်း  ပြောပါတယ်။

တောင်ဒဂုံမြို့နယ်မှ ပြည်သူတစ်ဦးက အလှူအတွက် မလေးရှားနိုင်ငံရောက်မြန်မာတွေက တတ်နိုင်သလောက် ငွေကြေးလှူဒါန်းတာဖြစ်ပြီး ရန်ကုန်လူငယ်တွေက “ပြည်သူမှ ပြည်သူ အစီအစဉ်” နဲ့ ကူညီနေကြတာ ဖြစ်ပါတယ်။ 

ရန်ကုန်မြို့ မြောက်ဒဂုံနဲ့ တောင်ဒဂုံမြို့နယ်တွေက အခြေခံပြည်သူတွေကို ဆန်၊ ကြက်ဥ၊ အခြေခံဆေးဝါးနဲ့ စားသောက်ကုန်တွေကို ရန်ကုန်လူငယ်တွေ အောက်တိုဘာ ၁၅ ရက်မှာ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

နဂို ဆင်းရဲမွဲတေမှုနဲ့ ကိုဗစ်ဒဏ်တို့အပြင်  စစ်အာဏာသိမ်းနောက်ဆက်တွဲ‌ဂယက်ကြောင့် လာမယ့် ၆ လအတွင်း အစာခေါင်းပါးငတ်မွတ်တဲ့ဒဏ်ခံရမယ့် မြန်မာပြည်သူ ၃ သန်းကျော် ရှိလာလိမ့်မယ်လို့ ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP က ဧပြီ ၂၃ ရက်မှာ သတိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့ရမယ့်သူတွေထဲမှာ မြို့နေလူတန်းစားတွေ အများစုဖြစ်ပြီး ဆင်းရဲတဲ့သူတွေ ပိုပြီး အလုပ်အကိုင်မရှိဖြစ်လာကြတယ်လို့ WFP က သူတို့ရဲ့စစ်တမ်းတွေမှာ ကိုးကား ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013