DVB Logo
Home
မြန်မာသတင်း
အေအေနှင့် ဆက်နွှယ်ဖမ်းဆီးခံရသူ ၆၁ ဦးကို စစ်ကောင်စီ ပြန်လွှတ်ပေး
DVB
·
October 16, 2021
အေအေနှင့် ဆက်နွှယ်ဖမ်းဆီးခံရသူ ၆၁ ဦးကို စစ်ကောင်စီ ပြန်လွှတ်ပေး
Donate to DVB

ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးက ရက္ခိုင်တပ်တော် (အေအေ) နဲ့ ဆက်စပ်သံသယနဲ့ ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုကာ အကျဥ်းထောင်တွေမှာ ထိန်းသိမ်းခံထားရသူတွေထဲက ၆၁ ယောက်ကို  အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ကောင်စီမှ ပြန်လည်လွှတ်ပေးမယ်လို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အမိန့်ထုတ်ပြန်ပေးခဲ့ပေမဲ့ လက်ရှိအချိန်ထိတော့ ပြန်လည်လွတ်မြောက်လာသူ ၅၅ ဦးရဲ့ စာရင်းကိုသာ ကောက်ယူရရှိထားသေးတယ်လို့ ပရဟိတလူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ စာရေးဆရာ ကိုဝေဟင်အောင်ကပြောပါတယ်။

“သံတွဲအချုပ်ထောင်ကနေ ၃ ယောက်၊ ကျောက်ဖြူအချုပ်ထောင်က ၃၇ ယောက်၊ စစ်တွေထောင်ကနေ ၇ ယောက်၊ ပေါင်းဆိုရင် ၄၇ ယောက်ပေါ့၊ နောက်ဆုံး ကျနော်တို့ မြောက်ဦးဘက်ကို စုံစမ်းတဲ့အခါမှာ မြောက်ဦးအချုပ်ကနေ ၈ ယောက် လွတ်တယ်၊ ကျနော်တို့ စာရင်းအရဆိုရင် စုစုပေါင်း ၅၅ ယောက် လွတ်ပြီ၊ ကျန်တဲ့ ဘယ်ကနေလွတ်တယ် ဆိုတာကိုတော့ ကျနော်တို့ စုံစမ်းနေတုန်းပါ”လို့ပြောပါတယ်။

အေအေနဲ့ ဆက်စပ်တယ်ဟုဆိုကာ မြန်မာတနိုင်ငံလုံးမှာ ဖမ်းဆီးထိန်းသိမ်းခံနေရသူ ၁၀၀ ကျော် ကျန်ရှိနေသေးတယ်လို့လည်း စာရေးဆရာ ကိုဝေဟင်အောင်ကပြောပါတယ်။

“ကျနော်တို့စာရင်းအရဆိုရင်တော့ သံသယနဲ့ဖမ်းထားတဲ့အထဲမှာ အပိုင်း နှစ်ပိုင်းရှိမယ်၊ တပိုင်းက အေအေကို အကြမ်းဖက်အဖြစ် ကြေညာထားတဲ့အချိန်မှာ ဖမ်းတဲ့ တအုပ်စုရှိမယ်၊ အခုနောက်ထပ် ပုဒ်မ ၁၇(၁) ဆိုပြီးတော့ မတရားအသင်းနဲ့ ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းဆီးတာတချို့ရှိမယ်၊ အဲဒါ အချုပ်ရယ်၊ အကျရယ်ဆိုရင် စုစုပေါင်း ကျနော်တို့စာရင်းအရဆိုရင် ၁၁၇ ယောက်ကျန်နေတယ်၊ တနိုင်ငံလုံးမှာပေါ့။ဧ

ရခိုင်မှာ စစ်တပ်နဲ့ အေအေတို့ ၂ နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အေအေနဲ့ ဆက်စပ်တယ်ဟုဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့်ခံရသူ ၂၀၀ ကျော်ရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ အေအေတို့အကြား တိုက်ပွဲတွေ ရပ်သွားသလို မတ်လမှာ အေအေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကနေ စစ်ကောင်စီက ပယ်ဖျက်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013