DVB Logo
Home
မြန်မာသတင်း
ခင်ဦးတွင် PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်၊ ပျူစောထီးအဖွဲ့ဝင် ၅ ဦး အသတ်ခံရ
DVB
·
October 16, 2021
ခင်ဦးတွင် PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်၊ ပျူစောထီးအဖွဲ့ဝင် ၅ ဦး အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက် မနက် ၄ နာရီလောက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၆၀ လောက် ထိခိုက်သေဆုံးသွားတယ်လို့ ခင်ဦး PDF က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

"ကျနော်တို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ရေဦး၊ ရွှေဘိုက မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး ပြောက်ကျားစစ်ဆင်ရေးလုပ်တာ နေရာ ၈ နေရာမှာ၊ ၂ နေရာက ပဒေသာမိုင်းချတယ်၊ မိုင်းအလုံး ၂၀ သုံးလိုက်တာပဲ။ စစ်ခွေးနဲ့ ပျူစောထီးတွေ တော်တော်အထိနာတယ်။ ဒေသခံတွေပြောပြတာ သိရသလောက် ၆၀ လောက် အပြင်းအထန်ထိခိုက်သေဆုံးတယ်၊ အားလုံး ရေဦးဘက်ကိုသယ်သွားတယ်” လို့ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

မနက် ၃ နာရီခွဲကစပြီး ရေဦးနဲ့ခင်ဦးက စစ်ကောင်စီတပ်အင်အား ၁၀၀ လောက်၊ ပျူစောထီးတွေအပါအဝင် စုစုပေါင်း အင်အား ၂၀၀ လောက်နဲ့ မုံတောမြောက်ရွာနဲ့ ဒါန်းကုန်း ရွာတွေထဲ ဝင်စီးနေစဉ် ရွာအပြင်လမ်းကြောင်းပေါ် ရှိနေတဲ့ စစ်ကြောင်းကို စတင်မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရေဦးမြို့ခံ‌တစ်ဦးကတော့ ခင်ဦးဘက်ကနေ သေဆုံးဒဏ်ရာရသူတွေ၊ ပျူစောထီးတွေနဲ့ ဖမ်းလာတဲ့သူတွေအားလုံးကို တွဲကားနှစ်စီးနဲ့ ဆေးရုံဘက်သယ်သွားတယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲဖြစ်စဥ်အတွင်း အပြစ်မဲ့ပြည်သူ ၂၁ ယောက် ဖမ်းဆီးခံခဲ့ရပြီး နယ်မြေခံ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ထိခိုက် ကျဆုံးမှုမရှိဘူးလို့ သိရပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးဒဏ်ရာမှုအခြေအနေနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ခင်ဦးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေတာနဲ့ ဖမ်းဆီးခံနေရတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်၊ မကျီးတုံရွာနဲ့သရက်ပင်စုရွာတို့က ပျူစောထီး ၅ ဦးကို အောက်တိုဘာ ၁၅ ရက်နေ့မှာ သုတ်သင်ရှင်းလင်းလိုက်တယ်လို့ King Cobra-Khin U က ထုတ်ပြန်ပါတယ်။

“စစ်ခွေးတွေ မြို့အနောက်ဖက်ကရွာတွေမှာ အလုပ်ရှုပ်နေကြတုန်း၊ ကျနော်တို့အဖွဲ့က အရှေ့ပိုင်းမှာ နာမည်ကြီးနေတဲ့ မကျီးတုံရွာက လက်နက်ကိုင်ပျူစောထီး ပြူးမောင် အိမ်ကိုဝင်စီးတယ်၊  သူကရှောင်သွားတော့ သူ့တပည့် ၃ ယောက်ကို ရှင်းလိုက်တယ်။ ည ၁၂ နာရီကျော်ကျော်လောက်မှာလည်း သရက်ပင်စုက ပျူစောထီး သမီးယောက်ဖနှစ်ယောက်ကို ရှင်းထားတာ။ တရက်တည်း ၅ ယောက်ရှင်းလိုက်တာပဲ” လို့ King Cobra ပြန်ကြားရေးကပြောပါတယ်။

ခင်ဦး တောကြီးမြွေဟောက်အဖွဲ့အနေနဲ့ စစ်အုပ်စု ဒေါက်တိုင်တွေကို အဓိကထား ရှင်းလင်းပေးနေတာ စုစုပေါင်း ၃၉ ဦးရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013