DVB Logo
Home
မြန်မာသတင်း
အာဆီယံက စစ်ကောင်စီကို အသိအမှတ်မပြုရေးလှုပ်ရှားမှုတွင် ပြည်သူအားလုံးပါဝင်နိုင်
DVB
·
October 15, 2021
အာဆီယံက စစ်ကောင်စီကို အသိအမှတ်မပြုရေးလှုပ်ရှားမှုတွင် ပြည်သူအားလုံးပါဝင်နိုင်
Donate to DVB

အာဆီယံက စစ်ကောင်စီကို အသိအမှတ်မပြုရေး “No PROGRESS, NO SEAT” ကမ်ပိန်းမှာ ပြည်သူအားလုံးပါဝင်နိုင်ဖို့ People’s Soldiers အဖွဲ့က ဖိတ်ခေါ်ထားပါတယ်။

ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ အင်တာနက်လူမှုကွန်ရက်မီဒီယာတွေပေါ်ကတဆင့် #NoProgressNoSeat  #တိုးတက်မှုမရှိထိုင်ခုံမရှိ  Hashtag စာသား ၂ ခုနဲ့ တွဲပြီး အာဆီယံ ဘာကြောင့် စစ်ကောင်စီကို လက်မခံသင့်လဲဆိုတာကို တွဲတင်ပေးကြရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာလွှတ်တော်အမတ်တွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ International Parliamentarians Alliance for Myanmar (IPAM) အစည်းအဝေး တက်ရောက်ဖို့အတွက် People’Soldiers အဖွဲ့ကိုယ်စား ဗိုလ်ကြီးညီသုတကို ဖိတ်ကြားခံထားရပြီး အဲဒီအစည်းအဝေးမှာ စစ်ကောင်စီဟာ တရားမဝင်ကြောင်းနဲ့ စစ်တပ်အကြီးအကဲတွေဟာ နိုင်ငံ တော်ပုန်ကန်မှုမြောက်ကြောင်း ထပ်မံရှင်းလင်းတင်ပြသွားမယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်နဲ့ စစ်တပ်အကြီးအကဲတွေဟာ ပြီးခဲ့တဲ့ဧပြီလကတည်းက မြန်မာအရေး အတွက်ချမှတ်ခဲ့တဲ့ အာဆီယံဘုံသဘောတူချက် ၅ ချက်ကို လိုက်နာရန် ပျက်ကွက်နေခဲ့ ပြီး အာဏာသိမ်းကာလ ၉ လနီးပါးကြာလာတဲ့အတောအတွင်းမှာလည်း ပြည်သူလူထုကို အမျိုးမျိုးနှိပ်စက်ညှဉ်းပန်းပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ဆက်တိုက်ကို ကျူး လွန်နေတုန်း ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းပေးဖို့ အာဆီယံရဲ့ ကြိုးပမ်းမှုဟာလည်း အခုထက်ထိ ထိရောက်မှုမရှိသေးပါဘူး။

မကြာခင်မှာပဲ အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၂၅ ကနေ ၂၈ ထိ ကျင်းပတော့မှာဖြစ်ကာ အာဆီယံဟာ ဆုံးဖြတ်ချက်ပြတ် သားရမယ့်အချိန် ကျရောက်လာပြီဖြစ်တာကြောင့် မြန်မာပြည်သူတွေအပေါ် အကြမ်း ဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီကို အာ ဆီယံ ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်မပြုဖို့လည်း People’s Soldiers အဖွဲ့က အာဆီယံ ခေါင်းဆောင်တွေကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း One Letter to ASEAN Leaders and ASEAN Dialogue Partners (https://aseanmp.org/.../open-letter-myanmar-presence.../) ကို ကူညီဖြန့်ဝေပေးပြီး အောက်တိုဘာ ၁၄ ရက်ကနေ ၁၅ ရက်နေ့ထိ လုပ်ဆောင်မယ့် ဆိုရှယ်မီဒီယာကမ်ပိန်းမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013