DVB Logo
Home
မြန်မာသတင်း
မြိုင်ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ်များဖျက်ဆီး၊ ဖလမ်းဒေသခံ ၂ ဦးကို ပစ်သတ်
DVB
·
October 15, 2021
မြိုင်ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ်များဖျက်ဆီး၊ ဖလမ်းဒေသခံ ၂ ဦးကို ပစ်သတ်
1 / 4
Donate to DVB

မကွေးတိုင်း မြိုင်မြို့နယ် ကံနက်ကျေးရွာသား ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းမှာ ဖမ်းဆီးပြီး နေအိမ်တွေကို ဖျက်ဆီးသွားတယ်လို့ ကံနက်ရွာဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ သတင်းပေးဒလန်တွေက ကံနက်ရွာမှာ PDF အဖွဲ့တွေ ရှိတယ်ဆိုပြီးတော့ မဟုတ်မမှန်သတင်းပေးတာကြောင့် ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေဟာ အင်အားအလုံးရင်းနဲ့ ဒီကနေ့မနက် ၂ နာရီလောက်က  ဝင်ရောက်လာပြီး ကိုအောင်ဖြိုးဝင်းနဲ့ ကိုနိုင်ဝင်းတို့ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံရွာသား တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် နေအိမ်တွေကိုလည်း တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်ရောက်မွှေနှောက်ပြီး အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေနဲ့ နေအိမ်အဆောက်အုံတွေကို စစ်အုပ်စုတွေက ရိုက်ချိုး ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။

ကံနက်ကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်လောက်ရှိပြီးတော့ စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက်နေတာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ကံနက်ရွာသားတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ် ဖလမ်းမြို့နယ် သူဖေကျေးရွာက ဒေသခံ ၂ ယောက်ကိုလည်း အောက်တိုဘာ ၁၃ ရက်က လူမဆန်စွာ သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ချင်းအမျိုးသားအဖွဲချုပ် CNO က အောက်တိုဘာ ၁၄ ရက်က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ  သူတို့ စစ်ကြောင်းထွက်ရာ လမ်းတစ်လျှောက်က ကျေးရွာတွေမှာ ပြည်သူတွေကို သေနတ်ပစ်ဖောက်ခြိမ်းခြောက်ပြီး အိမ်မွေးတိရစ္ဆာန်တွေနဲ့ လူအသုံးဆောင်ပစ္စည်းတွေကို လုယက်တာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့နယ် ရီလ်သီးကျေးရွာမှာလည်း အောက်တိုဘာလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ အကြမ်းဖက်စစ်တပ်က ဘုရားကျောင်းအပါဝင် ရွာလုံးကျွတ်မီးရှို့သွားသလို တလန်ရောန် ကျေးရွာက နေအိမ် ၁၂ လုံးကိုလည်း မီးရှို့ဖျက်ဆီး ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

လူမဆန်တဲ့လုပ်ရပ်တွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်တွေကို ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNF) အနေနဲ့ လက်တုန့်ပြန်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013