DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်က ပရဟိတအဖွဲ့ခေါင်းဆောင် ၁ ဦး ဖမ်းဆီးခံရ
DVB
·
October 15, 2021
မော်လမြိုင်က ပရဟိတအဖွဲ့ခေါင်းဆောင် ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ ၆ မိုင်ရပ်ကွက်က မေတ္တာရေကြည်ပရဟိတအဖွဲ့ ခေါင်းဆောင် ကိုသူရကျော်ဟာ အောက်တိုဘာ ၁၄ ရက် ည ၉ နာရီလောက်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပရဟိတအဖွဲ့ခေါင်းဆောင် ကိုသူရကျော်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ပရဟိတကားမောင်းပြီး အပြန် ၆ မိုင်ရပ်ကွက်က သူနေအိမ်မှာ ဝင်ရောက်ဖမ်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့က ၆ မိုင် စစ်ဆေးရေးဂိတ် ဗုံးကွဲမှုမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ကိုသူရကျော်ကို  ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒေသခံတစ်ဦးကတော့ “ကိုသူရကျော်ဟာ သူနဲ့မတည့်တဲဒ့  ရပ်ကွက်နေ သတင်းပေးဒလန် တစ်ဦးရဲ့ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံလိုက်ရတာ”လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကိုသူရကျော်ကို မော်လမြိုင်မြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပြီး၊ လက်ရှိအချိန်ထိ မိသားစုဝင်တွေအနေနဲ့ အဆက်အသွယ် မရသေးပါဘူး။

မော်လမြိုင်မြို့အဝင် ၆ မိုင် စစ်ဆေးရေးဂိတ် ဗုံးဖောက်ခွဲမှုကို မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦး၊ မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မိတ်ဆက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လုပ်ဆောင်တာလို့  ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013