DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံခေါင်းဆောင်များကို ခြွင်းချက်မရှိလွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးရန် NCA အပစ်ရပ်အဖွဲ့များ တောင်းဆို
DVB
·
October 15, 2021
ဖမ်းဆီးခံခေါင်းဆောင်များကို ခြွင်းချက်မရှိလွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးရန် NCA အပစ်ရပ်အဖွဲ့များ တောင်းဆို
Donate to DVB

အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအားလုံးနဲ့  ပြည်သူလူထုအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးပြီး လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဆွေးနွေး ညှိနှိုင်းဖြေရှင်းကြဖို့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၅ ရက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)လက်မှက်ရေးထိုးမှု ၆ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ NCA-S EAOs အဖွဲ့တွေက နိုင်ငံရေးရည်မှန်းချက် ၇ ရပ်ကို ထုတ်ပြန်ပြီး တောင်းဆိုလိုက်တာပါ။

(NCA-S EAO)ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ပြောရေးဆိုခွင့်ရှိသူ  ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO  ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်း က “ ကျနော်တို့ကတော့ အခု ဒီတောက်လျှောက် ဖမ်ဆီးထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့တကွပေါ့နော် ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေအကုန်လုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေးက အစဉ်တစိုက်ကျနော်တို့ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဒီလိုခေါင်းဆောင်တွေ လွှတ်ပေးပြီးတော့မှပဲ ကျနော်တို့ တိုင်းပြည်က ပြန်ပြီးတော့မှ အဖတ်ဆယ်လို့ရမှာဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရင် ဒီအာဏာစပြီးသိမ်းခဲ့တာက စစ်ကောင်စီဖြစ်တဲ့အတွက် စစ်ကောင်စီကပဲ ဒီခေါင်းဆောင်တွေကို လွှတ်ပေးရေး အရင်ဆုံးလုပ်ရမယ့်အလုပ်ပါ။  တိုင်းပြည်အပေါ် စေတနာထားတယ်ဆိုရင် အရင်ဆုံးလွှတ်ပေးရမယ့်အလုပ်က ပထမဆုံးအလုပ်ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အစဉ်တစိုက်ပြောခဲ့တာဖြစ်ပါတယ်။ ”

ဒါ့အပြင် EAOs ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ကချမှတ်ထားတဲ့ နိုင်ငံရေး ရည်မှန်းချက် ၇ ချက်ထဲမှာ အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲမှာ  သက်ဆိုင်သူတွေ အားလုံးပါဝင်ပြီး င်ငံတကာရဲ့ ကူညီပံ့ပိုးမှုနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာသွားဖို့၊ တိုင်းပြည်အာဏာကို အရပ်သားကိုယ်စားလှယ်များအုပ်ချုပ်မှုနဲ့ ဒီမိုကရေစီမူဘောင်အတွင်း ဆောလျင်စွာ ပြန်လွှဲပြောင်းရေး၊ ပြည်သူထူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာကွယ်ပေးခြင်းနဲ့ ပြည်သူလူထုရဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် ဘဝပြန်လည်ထူထောင်ရေး ပြန်လည်ကုစာရေး အစီစဉ်တွေ ဆောင်ရွက်ဖို့ စတာတွေပါဝင်ပါတယ်။

ဒါ့အပြင် PPST အနေနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရေး လက်ရှိကြိုးပမ်းဆောင်ရွက်မှုကို ကြိုဆိုပြီး မိမိတို့အနေနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေးအင်အားစုအားလုံးနဲ့အတူတကွ ဆွေးနွေးအဖြေရှာဖို့ ကြိုးပမ်းမယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းပဲ အင်အားသုံးပြီးဖြေရှင်းခဲ့တာကို ဆန့်ကျင်ကန်ကွက်ကြောင်း PPST အနေနဲ့  စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့သလို စစ်ကောင်စီနဲ့ နိုင်ငံရေးမဆွေးနွေးဘူးဆိုတဲ့ ထုတ်ပြန်ချက်မျိုးလည်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ တိုင်းပြည်ရဲ့ နိုင်ငံရေးအကျပ်အတည်းအရ အန်စီအေပါ နိုင်ငံရေးဆွေးနွေးမှုမျိုးမဟုတ်တဲ့ တိုင်းပြည်အကျပ်အတည်း ဖြေရှင်းရေး စစ်ကောင်စီနဲ့ဆွေးနွေးဖို့ အခုလို ထုတ်ပြန်ရတာလို့လည်း ခွန်မြင့်ထွန်းက ပြောပါတယ်။

“ ကျနော်တို့က ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ PPST ကနေပြီးတော့ ထုတ်ပြန်ခဲ့တဲ့နေရာမှာ စစ်ကောင်စီနဲ့ မဆွေးနွေးဘူးလို့ ပြောတဲ့ဟာမှာ နိုင်ငံရေးမဆွေးနွေးဘူးလို့ ပြောခဲ့တာရှိပါတယ်။ စစ်ကောင်စီနဲ့ နိုင်ငံရေးမဆွေးနွေးဘူးလို့ ဘယ်ဟာကို ပြောခဲ့တာလဲဆိုတော့ အန်စီအေ အကောင်အထည်ဖော်မှုဆိုင်ရာ၊ အန်စီအေထဲမှာပါတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေထဲက နိုင်ငံရေးဆွေးနွေးမှုတွေကို ဆွေးနွေးမှာမဟုတ်ဘူး။ သို့သော်လည်းပဲ ဒီကနေ့ ကျနော်တို့တိုင်းပြည်ကြုံတွေ့နေရတဲ့လက်ရှိနိုင်ငံ‌ရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက်ကို ကျနော်တို့ဆွေးနွေးမယ်ဆိုတဲ့ဟာကို ပြောတာဖြစ်ပါတယ်။" 

တနိုင်ငံလုံး ပစ်ခတ်တိုက်လိုက်မှုဆိုင်ရာ အန်စီအေ စာချုပ်ကို  ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ကရင်အမျိုး သားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကေင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည် နယ် လွတ်မြောက်ရေးပါတီ(ALP)တို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

၂၀၁၈ ခု၊ ဖေဖော်ဝါရီ ၁၃ ရက်မှာ‌တော့ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ လက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013