DVB Logo
Home
မြန်မာသတင်း
စင်ကာပူနှင့် အမေရိကန် အဆင့်မြင့်အရာရှိ ၂ ဦး ဝါရှင်တန်တွင် မြန်မာ့အရေးထည့်သွင်းဆွေးနွေး
DVB
·
October 14, 2021
စင်ကာပူနှင့် အမေရိကန် အဆင့်မြင့်အရာရှိ ၂ ဦး ဝါရှင်တန်တွင် မြန်မာ့အရေးထည့်သွင်းဆွေးနွေး
Donate to DVB

စင်္ကာပူနိုင်ငံရဲ့ ဝါရင့်အဆင်မြင့်ဝန်ကြီး သာမန်းရှန်မုဂရတ်နမ်နဲ့ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျိတ်ခ်ဆူလိဗန်တို့ဟာ အောက်တိုဘာ ၁၃ ရက်က ဝါရှင်တန်ဒီစီမှာတွေ့ဆုံခဲ့ပြီး နိုင်ငံတွေရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးရဲ့ အရေးပါပုံတွေကို ဆွေးနွေးခဲ့ပါတယ်။ 

နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံရဲ့အကျပ်အတည်းနဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ အပါအဝင် ဒေသတွင်းအရေးကိစ္စတွေကိုလည်း အလေးပေး ဆွေးနွေးခဲ့တယ် လို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရ အမျိုးသမီး အီမီလီဟွန်း က ကြေညာချက်ထဲမှာ ပြောကြားပါတယ်။

သူတို့ဟာ ဒီကပ်ရောဂါကိုအဆုံးသတ်ပြီး နောက်လာမယ့်အတွက် ကြိုတင်ပြင်ဆင်ဖို့ ရဲရင့်တဲ့ လုပ်ဆောင်ချက်ကို လိုအပ်တယ်လို့ ထောက်ပြကြတယ်လို့လည်း ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးလုံခြုံရေး ငွေကြေးထောက်ပံ့မှုအားကောင်းလာစေဖို့နဲ့ ဘဏ္ဍာရေးကြားခံရန်ပုံငွေအသစ်တစ်ခု ထူထောင်ဖို့အတွက် မိတ်ဖက်တွေနဲ့လုပ်ဆောင်ခြင်းရဲ့ အရေးပါပုံကိုသဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုနဲ့ စွမ်းအင်ကို သက်သက်သာသာနဲ့ ရနိုင်မှုတွေအပါအဝင် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြပြီး အမေရိကန်ဒုသမ္မတ ကာမာလာဟဲရစ်ရဲ့ စင်ကာပူခရီးစဉ်ကနေ တိုးတက်လာတဲ့ အရှိန်အဟုန်ပေါ်မှာ တည်ဆောက်မယ့် အခွင့်အလမ်းတွေ ပြန်လည်သုံးသပ်ခဲ့ပါတယ်။

သြဂုတ်လတုန်းက စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်းနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မစ္စဟဲရစ်က ဝါရှင်တန်ရဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ အသင်း၀င်ဖြစ်ရေး ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။

မူဝါဒမိန့်ခွန်းတစ်ခုမှာ မစ္စဟဲရစ်က အမေရိကန်နဲ့အရှေ့တောင်အာရှတို့အကြား စီးပွားရေးဆက်ဆံမှုတွေကို ပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖိနှိပ်မှု လုပ်ဆောင်နေတာတွေကို ရှုတ်ချခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013