DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဗဟိုဘဏ်က တရုတ်ယွမ်နှင့် ဂျပန်ယန်းကို ဝယ်ယူရောင်းချခွင့်ပြု
DVB
·
October 14, 2021
စစ်ကောင်စီဗဟိုဘဏ်က တရုတ်ယွမ်နှင့် ဂျပန်ယန်းကို ဝယ်ယူရောင်းချခွင့်ပြု
Donate to DVB

နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်း လိုင်စင်ရဘဏ်တွေနဲ့ ဘဏ်မဟုတ်တဲ့ ကုမ္ပဏီ  အဖွဲ့အစည်းတွေကို ယခင်ခွင့်ပြုထားပြီး နိုင်ငံခြားငွေ ၅ မျိုးအပြင် တရုတ်ယွမ် နဲ့ ဂျပန်ယန်း တို့ကိုပါ ဝယ်ယူရောင်းချခွင့်ပြုကြောင်း စစ်ကောင်စီဗဟိုဘဏ်က အောက်တိုဘာ ၁၂ ရက်မှာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

ယခင်က အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ထိုင်းဘတ် နဲ့ မလေးရှားရင်းဂစ် တို့ကိုသာ ဝယ်ယူရောင်းချခွင့် ခွင့်ပြုပေးထားတာ ဖြစ်ပြီး အခုအခါ တရုတ်ယွမ် နဲ့ ဂျပန်ယန်း တို့ကိုပါ ဝယ်ယူရောင်းချခွင့်ပြုလိုက်တာပါ။

အဆိုပါ ညွှန်ကြားချက်ကို  နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ရ ဘဏ်တွေ၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရဘဏ်တွေနဲ့ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ဘဏ်မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေဆီကို ဖြန့်ဝေထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အခုလိုနိုင်ငံခြားငွေ အမျိုးအစား နှစ်ခုထပ်တိုးခွင့်ပြုပေးခြင်းအပေါ် ကြိုဆိုပေမဲ့ လတ်တလောအခြေအနေအရ သက်ရောက်မူမရှိနိုင်ဘူးလို့ နိုင်ငံခြားငွေကြေး လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

"ခွင့်ပြုပေးလိုက်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ လောလောဆယ် အနေအထားကတော့ ဘာမှထူးခြားတာမရှိသေးဘူး။ နိုင်ငံခြားသားလဲမလာဘူး။" 

နိုင်ငံတကာက  money changer တွေမှာ မည်သည့် နိုင်ငံခြားငွေအမျိုးအစားကိုမဆို ခွင့်ပြုထားပေမဲ့ မြန်မာနိုင်ငံမှာတော့ အားလုံးကိုခွင့်ပြုပေးထားခြင်းမရှိသေးပါဘူး။

ထို့အတူ ဘဏ်တွေမှာလည်း နိုင်ငံခြားငွေအကောင့်ဖွင့်လှစ်ခွင့်ကို အမေရိကန် ဒေါ်လာကလွဲပြီး တခြား နိုင်ငံခြားငွေကြေးတွေနဲ့ ဖွင့်ခွင့်မပြုထားသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013