DVB Logo
Home
မြန်မာသတင်း
၈ လခွဲအတွင်း စစ်တပ်ပစ်သတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၁၇၀ ဦးကျဆုံး၊ ၈၉၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
October 14, 2021
၈ လခွဲအတွင်း စစ်တပ်ပစ်သတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၁၇၀ ဦးကျဆုံး၊ ၈၉၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၈ လခွဲနီးပါးအကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၁၇၀ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါ တယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင် တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၉၁၆ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၂၄၀ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၄၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၈၉ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သူဖယ်ကျေးရွာမှ ရွာသား ၂ ယောက်ဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ထောင်လွန်မာန်နဲ့ အသက် ၃၄ နှစ်အရွယ် ဆလိုင်း ထောင်နေမောတို့ကို အကြမ်းဖက်စစ်အုပ်စုတပ်သားတွေက ပစ်သတ်ခဲ့ပြီး သူတို့ရဲ့ ရုပ်အ လောင်းတွေကို အောက်တိုဘာ ၁၃ ရက်နေ့က လမ်းဘေးမှာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါ တယ်။ ထောင်လွန်မာန်ကတော့ မျက်လုံးမှာ သေနတ်ဒဏ်ရာရရှိထားခဲ့တာကို တွေ့ရှိရပြီး ဆလိုင်းထောင်နေမောမှာတော့ ဝမ်းဗိုက်မှာ သေနတ်ဒဏ်ရာ ၄ ချက်ကို တွေ့ရှိရကြောင်း သိရှိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ လုံးဖောကျေးရွာမှာ အောက်တိုဘာ ၁၀ ရက်နေ့ည ၁၀ နာရီလောက်က ရော်ဘာအလုပ်ရုံတခုကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင် တွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တာကြောင့် အဆိုပါအလုပ်ရုံမှာ ဖခင်နဲ့အတူ အလုပ်ကူ ညီလုပ်ကိုင်နေတဲ့ အသက် ၁၁ နှစ်အရွယ် မောင်သီဟအောင်ဟာ ဝမ်းဗိုက်ကျည်ထိမှန် ကာ နေရာတင် ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူ ကိုလင်း ထွန်းဟာလည်း ကျည်ထိဒဏ်ရာရရှိခဲ့ပြီး အဆိုပါအလုပ်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ ကျေး ရွာသား ၂၀ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013