DVB Logo
Home
မြန်မာသတင်း
ပွဲစားခဘတ် ၁၈၀၀၀ စီပေးပြီး ထိုင်းဘက်ခိုးဝင် မြန်မာ ၇ ဦးကို ကင်းလှည့်တပ်ဖွဲ့ ဖမ်းဆီး
DVB
·
October 12, 2021
ပွဲစားခဘတ် ၁၈၀၀၀ စီပေးပြီး ထိုင်းဘက်ခိုးဝင် မြန်မာ ၇ ဦးကို ကင်းလှည့်တပ်ဖွဲ့ ဖမ်းဆီး
Donate to DVB

ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာ ၇ ယောက်ကို ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက်အစောပိုင်းမှာ ကင်းလှည့်တပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေမှာ အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၁ ယောက် ပါဝင်ပြီး စစ်သားတွေ၊ ရဲ တွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့ဟာ မနက်အစောပိုင်း ၂ နာရီလောက်က မောင်ခရိုင်ထဲမှာ မသင်္ကာဖွယ် စစ်ဆေးတွေ့ရှိခဲ့ကြတာဖြစ်ပြီး သူတို့ကို လာခေါ်မယ့်သူကို စောင့်ဆိုင်းနေခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့အားလုံးကို ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရခြင်း ရှိ၊ မရှိ ခန္ဓာကိုယ်အပူချိန် တိုင်းတာပြီး ဖျားနာနေတာမျိုး ရှိ၊ မရှိ စစ်ဆေးခဲ့ချိန်မှာတော့ ကူးစက်ခံထားရခြင်းမရှိဘူးလို့ ဆိုပါတယ်။

သက်ဆိုင်ရာက သူတို့ကို စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ ၇ ယောက်ဟာ မြန်မာနိုင်ငံ၊ ထားဝယ်မြို့ကနေ ထိုင်းနိုင်ငံ၊ ပထုံဌာနီနဲ့ စမွတ်ဆာခွန်ခရိုင်ထဲမှာ အလုပ်လုပ်ဖို့အတွက် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြတာဖြစ်ကာ တယောက်ကို ဘတ် ၁၈,၀၀၀ ထိ ပွဲစားခ ပေးခဲ့ကြရတယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ သူတို့ကို နယ်မြေရဲစခန်းဆီ လွှဲအပ်ထားပြီး တရားမဝင် နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှု၊ ကူးစက်ရောဂါဆိုင်ရာ အက်ဥပဒေချိုးဖောက်မှုတွေနဲ့ ဥပဒေကြောင်းအရ အရေးယူခံရမှာဖြစ်ကာ နေရပ်ပြန်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013