DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းသမား ၅၃ ဦးရှိ၊ ဒီဗွီဘီသတင်းထောက် ၃ ဦးအပါအဝင် ၄ ဦး ထောင်ဒဏ်ချမှတ်ခံရ
DVB
·
October 11, 2021
ဖမ်းဆီးခံသတင်းသမား ၅၃ ဦးရှိ၊ ဒီဗွီဘီသတင်းထောက် ၃ ဦးအပါအဝင် ၄ ဦး ထောင်ဒဏ်ချမှတ်ခံရ
Donate to DVB

လက်ရှိမြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားတဲ့  သတင်းသမား ၅၃ ယောက်ရှိနေပြီး အဲဒီထဲမှာ ဒီဗွီဘီ သတင်းထောက် ၃ ယောက် အပါအဝင် ထောင်ဒဏ်အသီးသီး ချမှတ်ခံရတဲ့ သတင်းသမား ၄ ယောက်ရှိတယ်လို့  Myanmar Press Freedom In-Depth(MPFI-D)က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူပြီးနောက် သတင်းမီဒီယာ ၈ ခုကို သတင်းလုပ်ငန်း လုပ်ပိုင်ခွင့်ပိတ်သိမ်းလိုက်ပြီး သတင်းသမားတွေကို ဖမ်းဆီးတရား စွဲဆိုတာ၊ သတင်းလွတ်လပ်ခွင့်ကို ဆက်လက် ဖိနှိပ် ချိုးဖောက်နေတာ ဖြစ်ပါတယ်။

လတ်တလော ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေထဲမှာတော့ ဒီဗွီဘီ၊ မဇ္ဈိမနဲ့ တခြားသတင်းဌာနတွေ အသီးသီးက ပါဝင်ပြီး သူတို့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မအမျိုးမျိုးတပ် တရားစွဲဆိုခံထားရပါတယ်။

ထောင်ဒဏ်ချမှတ်ခံထားရသူတွေထဲမှာတော့ ဒီဗွီဘီသတင်းထောက် ၃ ယောက်ဖြစ်ကြတဲ့ ကိုမင်းညို၊ ကိုသက်နိုင်ဝင်းနဲ့ ကိုအောင်ကျော်တို့ ပါဝင်ပြီး ထောင်ဒဏ် ၃ နှစ်နဲ့ ၂ နှစ်စီ အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံသတင်းထောက်တယောက်ဖြစ်တဲ့ ကိုသက်ထွန်းအောင်ကိုလည်း ထောင်ဒဏ် ၃ နှစ်ချမှတ်ထားတာ ဖြစ်ပါတယ်။

MPFI-D အနေနဲ့ မတရားဖမ်းဆီး သတင်းသမားတွေ၊ ဂျာနယ်လစ်တွေကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ သတင်းလွတ်လပ်ခွင့် အပြည့်အ၀ အာမခံပေးဖို့၊ သတင်းမီဒီ ယာတွေအားလုံးကို သတင်းလုပ်ငန်းတွေ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းထားတဲ့ ကာလဟာ ၈ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အကြမ်းဖက်နှိမ်နင်း ဖြိုခွင်းမှုတွေကြောင့် ကျဆုံးပြည်သူတွေ ထောင်ချီရှိနေခဲ့ပြီး မတရားဖမ်းဆီးထောင်ချခံရ သူတွေထဲ သတင်းမီဒီယာသမားတွေရော၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သာမန်အရပ်သား ပြည်သူတွေပါ ပါဝင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၄၀ မှာ ရပ်တည်နေ တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ထုတ် ပြန်တဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို တိုက်ခိုက်ခြိမ်းခြောက်နေသူတွေစာရင်းမှာ မြန်မာအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နဲ့အတူ ထည့်သွင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013