DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်သွယ်ရေးဥပဒေဖြင့် စွဲထားသည့်အမှု စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည်
DVB
·
October 11, 2021
ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်သွယ်ရေးဥပဒေဖြင့် စွဲထားသည့်အမှု စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မနဲ့ပတ်သက်လို့ အောက်တိုဘာ ၁၁ ရက် ဒီကနေ့ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့် တရားရုံးက ဆုံးဖြတ်သွားဖို့ ရှိပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းအပြီးမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရမှာ တရားမဝင် စကားပြောစက် ၁၀ လုံးနဲ့ Jammer တစ်စုံတွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။

တရားရုံးကနေ စွဲချက်တင်သင့်တယ်လို့ ဆုံးဖြတ်ရင် အမှုကို ဆက်လက်စစ်ဆေးမှာဖြစ်ပြီး စွဲချက် မတင်သင့်ဘူးလို့ ဆုံးဖြတ်ရင် ဒီအမှု တရားရှင် လွတ်မြောက်ဖို့ ရှိပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စွဲထားတဲ့ အမှုတွေထဲမှာ တနင်္လာနေ့တိုင်း ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ တို့ကို ဒီကနေ့မှာ စစ်ဆေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013