DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ်၌ ဘကကျောင်း ဆရာတော် ၁ ပါးနှင့် ကျောင်းသား ၂ ဦး ဖမ်းဆီးခံရ
DVB
·
October 11, 2021
မတ္တရာမြို့နယ်၌ ဘကကျောင်း ဆရာတော် ၁ ပါးနှင့် ကျောင်းသား ၂ ဦး ဖမ်းဆီးခံရ
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းရွာမှာ အောက်တိုဘာ ၉ ရက် ညပိုင်းက ဘုန်းတော်ကြီး ပညာသင်ကျောင်းတစ်ကို စစ်ကောင်စီတပ်တွေက  ဝင်စီးပြီး ဆရာတော် ၁ ပါးနဲ့ တပည့်ကျောင်းသား ၂ ယောက်ကို  ဖမ်းဆီးသွားပါတယ်။

စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့  လွင်ဦး ဘက စာသင်ကျောင်းကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားတာလို့  ဘကကျောင်းနဲ့ နီးစပ်သူ ဒေသခံတဦးက ပြောပါတယ်။

“ည ၆ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ လာတယ်။ တာဝန်ခံ ဆရာတော် ဦးပညာဝံသကို လူဝတ်လဲပြီး ဖမ်းတယ်။ ဆရာတော့်တပည့် ကျောင်းသား နှစ်ဦးကိုလည်း ဖမ်းသွားတယ်။”

လွင်ဦးဘကကျောင်း တာဝန်ခံဆရာတော်နဲ့ တပည့်ကျောင်းသားနှစ်ယောက်ကို ဘာကြောင့် ဖမ်းဆီးတယ်။ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

မတ္တရာမြို့နယ်က တံငါတောင်ရွာမှာလည်း သြဂုတ် ၂၀ ရက်နေ့က စစ်ကောင်စီတပ်က  ဝင်ရောက်ပစ်ခတ်ရာ ဒေသခံနှစ်ဦး ကျဆုံးပြီး သုံးဦး ဖမ်းခံခဲ့ရသေးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013