DVB Logo
Home
မြန်မာသတင်း
ထီးလင်းမြို့နယ်တွင် ပျူစောထီးအဖွဲ့ထံမှ တူမီးသေနတ် အလက် ၂၀ သိမ်းဆည်းရမိ
DVB
·
October 11, 2021
ထီးလင်းမြို့နယ်တွင် ပျူစောထီးအဖွဲ့ထံမှ တူမီးသေနတ် အလက် ၂၀ သိမ်းဆည်းရမိ
Donate to DVB

မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်မှာ အောက်တိုဘာ ၁၀ ရက်နေ့မနက်ပိုင်းက ပျူစောထီးအဖွဲ့တွေဆီကနေ တူးမီးသေနတ် ၂၀ သိမ်းဆည်းရမိပြီး ပျူစောထီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ထီးလင်း PDF တပ်ဖွဲ့ကနေ သိရပါတယ်။

ထီးလင်းမြို့နယ်မှာ ဒီကနေ့မနက် ၉ နာရီလောက်က ထီးလင်းရဲစခန်းကနေ ဇီးတောရွာကို ပျူစောထီးတွေ တူမီးသေနတ်တွေ သယ်လာတယ်လို့ ကြိုတင်သတင်းရတာကြောင့် ထီးလင်း PDF အဖွဲ့ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ယောက်သေဆုံးပြီးတော့ တူမီးသေနတ် အလက် ၂၀ သိမ်းဆည်းရမိခဲ့တာလို့ ထီးလင်း PDF ခေါင်းဆောင်က ပြောပါတယ်။

အဲဒီတူးမီးသေနတ်တွေဟာ ယခင်က PDF တပ်ဖွဲ့တွေဆီကနေ သိမ်းဆည်းထားတာဖြစ်ပြီး ပျူစောထီးအဖွဲ့တွေကို ပြန်ထုတ်ပေးလို့ ဆိုင်ကယ် ၃စီး နဲ့ ပျူစောထီး ၄ ယောက်သယ်လာတဲ့အချိန် ထီးလင်း PDF တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ထီးလင်းမြို့နယ်ထဲမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားကာ စစ်ကြောင်းတွေထိုးနေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ​ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013