DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကား ၂ စီးမီးလောင်
DVB
·
October 10, 2021
မုံရွာမြို့တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကား  ၂ စီးမီးလောင်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စက်မှုဇုန်အဝင်လမ်းမှာ စစ်ကောင်စီတပ်က စစ်ကား ၄ စီး ပါယာဉ်တန်း အောက်တိုဘာ ၉ ရက် ည ၉ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကား ၂ စီး မီးလောင်ပြီး စစ်သားတချို့ ဒဏ်ရာရတယ်လို့ အနီးပတ်ဝန်းကျင်ပြည်သူတချို့က ပြောပါတယ်။

“စစ်ကား ၄ စီးအနက် ၂ စီးက မိုင်းထိမှန်ပြီး အောက်ပိုင်း မီးလောင်ပျက်စီးခဲ့တယ်။ စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်း ဒဏ်ရာရပြီး အိမ်စီးကား အဖြူရောင်နဲ့ လာရောက် ခေါ်ဆောင်သွားတယ်” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

စစ်ကား ၄ စီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာဟာ PDF-South Monywa နဲ့  Monywa Heroes Group, Monywa Nightking တို့ ပူးပေါင်းပြီး တိုက်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၉ ရက်နေ့ တရက်တည်း မုံရွာမြို့မှာ  မိုင်းခွဲတိုက်ခိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ မနေ့ မနက် ၉ နာရီလောက်က ရဲကားတစ်စီး  မိုင်းဆွဲတိုက်ခိုက်ခံရသလို မုံရွာမြို့ ဆည်မြောင်းဝင်းထဲကိုလည်း  အောက်တိုဘာ ၈ ရက် ညပိုင်းက  ဗုံးပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013