DVB Logo
Home
မြန်မာသတင်း
ကမမောင်းမြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
October 10, 2021
ကမမောင်းမြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ
Donate to DVB

ကရင်ပြည်နယ်၊ ကမမောင်းမြို့မှာ အောက်တိုဘာ ၉ ရက်  မနက်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။

အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကို  အမည်မသိသူ သေနတ်သမား နှစ်ယောက်က သေနတ်နဲ့   ၄ ချက် ပစ်ခတ်လို့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ဦးသန်းအောင်က အရင်က ရာအိမ်မှူးပါ၊ အုပ်ချုပ်ရေးမှူးကို စကစက ဖြုတ်ပြီး ဦးသန်းအောင်ကို အုပ်ချုပ်ရေးမှူးခန့်လိုက်တယ်။ မနက် ၈ နာရီလောက်  စျေးကပြန်လာတော့ သူ့အိမ်ရှေ့မှာ သေနတ်နဲ့ ဆိုင်ကယ်ပေါ်က ပစ်သွားတယ်"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သေနတ်သမားနှစ်ယောက်ဟာ  ပစ်ခတ်အပြီး ဆိုင်ကယ်နဲ့ မောင်းထွက်သွားတာဖြစ်လို့ ပတ်ဝန်းကျင်ကသူတွေလည်း ဘယ်သူဘယ်ဝါဖြစ်ကြောင်း မသိလိုက်ရဘူးလို့လည်း ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက်  အခင်းဖြစ်ရာနေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စုံစမ်းမေးမြန်းနေပါတယ်။ 

ကမမောင်းမြို့ပေါ်မှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခံရတာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013