DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်တို့တွင် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်တိုက်ခိုက်မှု ကုလသမဂ္ဂ စိုးရိမ်
DVB
·
October 9, 2021
စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်တို့တွင် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်တိုက်ခိုက်မှု ကုလသမဂ္ဂ စိုးရိမ်
Donate to DVB

စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တို့မှာ စစ်ကောင်စီတပ်တွေက  PDF တွေကို ပစ်မှတ်ထားတိုက်ခိုက်မယ့် အစီအစဉ် ကြီးကြီးမားမားရှိနေတယ်လို့ သိရှိထားရလို့ မြန်မာနိုင်ငံအတွက် စိုးရိမ်ပူပန်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှမ်ဒါဆာနီက ပြောပါတယ်။

အောက်တိုဘာ ၈ ရက်မှာ  ဂျီနီဗာမြို့မှာ နှစ်ပတ်တစ်ကြိမ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာ ချင်းပြည်နယ်ထဲက ကန်ပက်လက်နဲ့ ဟားခါး၊ စစ်ကိုင်းတိုင်းအလယ်ပိုင်းရှိ ကနီနဲ့ မုံရွာ၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွေမှာ စစ်တပ်က လက်နက်ကြီးတွေနဲ့တပ်ဖွဲ့အင်အားတွေ များများစားစား ချထားတာ သိရှိထားတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ကို  ဒါမှမဟုတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို စာနာကြောင်းပြသမိတဲ့ ကျေးရွာတွေကို လက်စားချေတဲ့အနေနဲ့ ဒီဒေသတွေမှာ သတ်ဖြတ်တာ၊ ကျေးရွာတွေကိုဝင်ရောက်စီးနင်းတာ၊ အိမ်တွေကိုမီးရှို့တာနဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ပတ်သက်သမျှတွေကို ရှာဖွေတာတွေ အပါအဝင် စစ်တပ်ကလုပ်ဆောင်တဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေအကြောင်း မှတ်တမ်းတွေရှိထားတာကြောင့် ဒီအခြေအနေကို အရမ်းစိုးရိမ်ပူပန်နေရတယ်လို့ ရှမ်ဒါဆာနီက ပြောပါတယ်။

ဒါ့အပြင် ပြည်ထဲရေးဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးသန်းလှိုင် အပါအ၀င် အထူးစစ်ဆင်ရေးကွပ်ကဲရေးမှူးနှစ်ယောက်ကို  စစ်ကိုင်းပဋိပက္ခကို ဖြေရှင်းဖို့ ညွှန်ကြားခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုအဆင့်မြင့်တပ်မှူးတွေကို ဖြန့်ကျက်နေရာချတာနဲ့ အင်တာနက်ပိတ်ထားတာတွေဟာ အကြီးစားစစ်ဆင်ရေးတွေကို စီစဉ်နေတယ်လို့ ထင်မြင်ယူဆစရာရှိတယ်လို့လည်း ပြောပါတယ်။ အစုလိုက်အပြုံလိုက်ဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပန်းတာနဲ့ တရားလက်လွတ် သတ်ဖြတ်တာတွေ၊ ကျေးရွာလေးတွေကို လက်နက်ကြီးကျည်တွေ၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ စစ်တပ်ရဲ့ ရှင်းလင်းရေးစစ်ဆင်ရေးတွေအကြောင်း မဟာမင်းကြီးရုံးက မှတ်တမ်းယူထားပါတယ်လို့လည်း ဆိုပါတယ်။

အင်တာနက်ဖြတ်တောက်တာဟာ သန်းနဲ့ချီတဲ့လူတွေရဲ့ ရှင်သန်မှုအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရယူဖို့ နည်းလမ်းတွေ ဆုံးရှုံးရတာဖြစ်ပြီး နှိပ်စက်ညှဉ်းပန်းနိုင်ခြေအလားအလာတွေကြောင့် သတင်းအချက်အလက် ဖြတ်တောက်တာလို့လည်း ပြောဆိုပါတယ်။ 

ဒါ့ကြောင့် မြန်မာနိုင်ငံသားတွေအပေါ် နောက်ထပ်ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ တစ်သံတည်း ပြောဆိုကြဖို့ တိုက်တွန်းကြောင်းနဲ့ စစ်တပ်ကိုဩဇာညောင်းတဲ့နိုင်ငံတွေကလည်း အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့၊ ပြည်သူတွေရဲ့အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်ဖို့၊ လိုအပ်တဲ့သူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လက်လှမ်းမီဖို့ သေချာအောင် လုပ်ဖို့အတွက် စစ်တပ်ကို နားဝင်အောင် ဆွေးနွေးရမယ်လို့လည်း  ပြောဆိုသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013