
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ မနေ့ညက မန်စီးတီးနဲ့ပွဲမှာ အနိုင်ရသွားတာကြောင့် ရလဒ်တွေ ဆိုးရွားနေတဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲအထိ ကျဆင်းသွားပါတယ်။
ဒါကြောင့် ဗီလာနဲ့ပွဲမတိုင်ခင် နည်းပြကာရစ်အပေါ် ဖိအား ပိုတိုးလာခဲ့ရတာပါ။ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ကတော့ လာမဲ့ အက်စတွန်ဗီလာ ပွဲစဉ်အပြီး သူ့ရဲ့ ရာထူး အနာဂတ်နဲ့ ပတ်သက်လို့ အသင်းတာဝန်ရှိသူတွေဘက်က အာမခံချက်မပေးသေးဘူးလို့ ပြောလိုက်ပါတယ်။
ခုလာမဲ့ အိမ်ကွင်းပွဲစဉ်မှာ ပရိသတ်တွေကို ရလဒ်ကောင်း ချပြနိုင်ဖို့ မျှော်လင့်တယ်လို့ ကာရစ်က ပြောပါတယ်။
ဒါ့အပြင် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ သူ့အကြား ပြဿနာမရှိတော့ဘဲ ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်နေပြီလို့လည်း အတည်ပြုခဲ့ပါတယ်။











