DVB Logo
Home
မြန်မာသတင်း
မင်းကင်းမြို့နယ်တွင် Non CDM ဆရာမတစ်ဦး အသတ်ခံရ
DVB
·
October 7, 2021
မင်းကင်းမြို့နယ်တွင် Non CDM ဆရာမတစ်ဦး အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ချောင်းရိုးကျေးရွာမှာ အောက်တိုဘာ ၇ ရက်နေ့ မနက် ၈ နာရီလောက်က Non CDM ဆရာမတစ်ဦး နေအိမ်မှာ အသတ်ခံရတယ်လို့ သိရပါတယ်။ 

အသတ်ခံရသူဟာ ဒေါ်ခင်ဆွေမြင့်ဆိုသူဖြစ်ပြီး CDM ဆရာ ဆရာမတွေအကြောင်း သတင်းပေးသူ တစ်ဦးဖြစ်တယ်လို့ မင်းကင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“မနက်က အသတ်ခံရတဲ့ ကျောင်းဆရာမ က CDM လုပ်မထားတဲ့ ဆရာမ။ သူ့သမီးကလည်း ရဲ။ သူ့အမျိုးသားကလည်း Non CDM ပဲ။”

အသတ်ခံရတဲ့ ဆရာဟာ နေအိမ်အတွင်းမှာ သေနတ်နဲ့ ပစ်သတ်ခဲရတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒေါ်ခင်ဆွေမြင့်အသတ်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာအတွင်း ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်ပြီး အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်ကုန်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013