
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လျှပ်စစ်ရုံးတာဝန်ရှိသူတွေအနေနဲ့ မီတာခ ကောက်ခံနေတာ ရပ်တန့်ဖို့နဲ့ ဆက်လက်ဖိအားပေးလာရင် ထိရောက်စွာ အရေးယူသွားမယ်လို့ ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က သတိပေးလိုက်ပါတယ်။
ပြည်သူတွေ ဆင်းရဲကျပ်တည်းနေမှုကို မျက်ကွယ်ပြုပြီး အာဏာရှင်အလိုကျ မီတာခတွေ ပေးဖို့ အတင်းအကျပ်တောင်းခံနေတာ၊ မီတာခမပေးရင် မီတာပုံးတွေ ပြန်သိမ်းမယ်လို့ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေဟာ ပြည်သူအပေါ် ဖိအားဖြစ်စေတယ်လို့ ဘီးလင်း PDF က ဆိုထားပါတယ်။
ဒါကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ NUG က အိမ်သုံးမီတာတွေ ကင်းလွတ်ခွင့်ပေးထားမှုကို မျက်ကွယ်ပြုပြီး မီတာခတွေကို ဆက်လက်ခြိမ်းခြောက်ကောက်ခံနေမယ်ဆိုရင် ထိရောက်သွာအရေးယူသွားမယ်လို့ ဘီးလင်း PDF က အောက်တိုဘာ ၆ ရက်နေ့မှာ ထုတ်ပြန်သတိပေးလိုက်တာပါ။
ဘီးလင်းမြို့နယ်အတွင်းမှာတော့ လျှပ်စစ်ရုံးက ၅ လစာ မီတာစာရွက်တွေ လိုက်လံ ဖြန့်ဝေနေသလို ကျေးရွာတွေဘက်မှာတော့ သက်ဆိုင်ရာ မီးလင်းရေး ကော်မတီတွေက တဆင့် မီတာခ ဆောင်ရွက်ဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်ကောင်စီက မြို့နယ် ၁၀ မြို့နယ်စလုံးမှာ မီတာခတွေ ဆောင်ကြဖို့ မီတာဘေ စာရွက်တွေ လိုက်လံ ဖြန့်ဝေနေသလို မီတာခ မပေးရင် မီးဖြတ်တာနဲ့ မီးတာပုံးပြန်သိမ်းယူမယ်လို့ ခြိမ်းခြောက်နေတာဖြစ်ပါတယ်။