DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေး ၈ လအတွင်း အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၆၀ နီးပါး၊ ဖမ်းဆီးခံရသူ ၈၇၇၀ ဦးထိ ရှိလာ
DVB
·
October 7, 2021
နွေဦးတော်လှန်ရေး ၈ လအတွင်း အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၆၀ နီးပါး၊ ဖမ်းဆီးခံရသူ ၈၇၇၀ ဦးထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၈ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၆၀ နီးပါးနဲ့ ဖမ်းဆီးခံရသူပေါင်း ၈၇၇၀ ယောက်အထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ၇၁၀၄ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၄၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၈၉ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူစုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာမှာ အလူမီနီယံနဲ့ သံတံ ခါးလုပ်ငန်း လုပ်ကိုင်တဲ့ ကိုမင်းဇော်ကို လက်လုပ်သေနတ်နဲ့ လက်လုပ်မိုင်းတွေ ပြုလုပ် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူ့ရဲ့ နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုက အောက်တိုဘာ ၂ ရက်နေ့၊ ည ၁၁ နာရီလောက်မှာ အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ကိုမင်းဇော်ကို မတွေ့တဲ့အတွက် ဇနီးဖြစ်သူ မရီရီချိုကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂ ရက်နေ့မှာတော့ မန္တလေးမြို့က LGBT အရေးတက်ကြွလှုပ်ရှား သူတဦးဖြစ်တဲ့ စူးရှရှင်းသန့်ကို ဆိုင်ကယ်မောင်းနေချိန် ကားနဲ့တိုက်ကာ ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းခံနေရတယ်လို့ သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013