DVB Logo
Home
မြန်မာသတင်း
ကယန်းဒေသ တည်ငြိမ်အေးချမ်းမှုကို လေးစားတန်ဖိုးထားရန် ကယန်းပြည်သစ်ပါတီ တောင်းဆို
DVB
·
October 6, 2021
ကယန်းဒေသ တည်ငြိမ်အေးချမ်းမှုကို လေးစားတန်ဖိုးထားရန် ကယန်းပြည်သစ်ပါတီ တောင်းဆို
Donate to DVB

တိုင်းပြည်အပေါ် မိကောင်းဖခင်စိတ်ရှိသူတွေ၊ ကယန်းအမျိုးသား ပြည်သူလူထုပေါ် စိတ်ကောင်းစေတနာကောင်ရှိသူတွေနဲ့ ကယန်းပြည်သစ်ပါတီရဲ မိတ်ဆွေကောင်းအနေနဲ့ လက်ရှိ ကယန်းဒေသရဲ့ တည်ငြိမ်အေးချမ်းမှုကို လေးစားတန်ဖိုးထားဖို့ ကယန်းပြည်သစ်ပါတီက မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။  

အောက်တိုဘာ ၅ ရက်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပြီး ကယန်းပြည်သစ်ပါတီ အခြေပြုတဲ့ တိုင်းရဲ့ပြည်နယ် ၄ ခုအထိ ထိစပ်နယ်မြေအတွင်း နိုင်ငံတော်အစိုးရ အဆက်ဆက်တို့နဲ့ လက်တွဲပူးပေါင်းပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၉ ဒီဇင်ဘာလ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ဘေးအန္တရာယ်ကို ရင်ဆိုင်ရတဲ့အပြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက ပေါ်ပေါက်လာခဲ့တဲ့ နောက်ဆက်တွဲ လူထုဆန္ဒပြမှုတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေ ကနေဆင့် ပြည်တွင်းစစ်ပွဲပဋိပက္ခအထိ ဖြစ်ပေါ်ခဲ့မှုကြောင့် ကယန်းပြည်သစ်ပါတီ အခြေပြုရာ ကယန်းဒေသကျေးရွာတွေကို စစ်ဘေးရှောင်ပြည်သူအများအပြားတို့က မိမိတို့ဇာတိကျေးရွာနဲ့ မိမိတို့မိဘဆွေမျိုးများရှိရာကို ပြန်လည်မှီခိုနေထိုင်ခဲ့ကြရာ ကယန်းဒေသအတွင်း အထွေထွေလူနေမှု အခက်အခဲများ ကြီးမားစွာ ဖြစ်တည်နေတယ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကယန်းပြည်သစ်ပါတီဟာ ၁၉၉၄ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ကစပြီး ဘာသာရေးခေါင်းဆောင်အကြီးအကဲတို့က ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ကယန်းပြည်သစ်ပါတီနဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရတို့အကြား  အပစ်ခတ်ရပ်စဲရေး ယူခဲ့ပါတယ်။ 

ကယန်းပြည်သစ်ပါတီအခြေပြုရာ ကယန်းအမျိုးသားတို့ စုပေါင်းနေထိုင်တဲ့ ကယန်းဒေသကို ငြိမ်းချမ်းရေးဒေသအဖြစ်   နှစ်ဦးနှစ်ဖက် သဘောတူတည်ဆောက်သွားဖို့ ကယားပြည်နယ်လွိုင်ကော်မြို့တော်ခန်းမမှာ ထိုစဉ်အခါက တိုင်းသိပြည်သိ ကမ္ဘာသိ ထုတ်ဖော်ကြေညာခဲ့တယ်လို့ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က မတရားအာဏာသိမ်ယူလိုက်ပြီးနောက်မှာ ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုအပါအဝင် ဒေသအတော်များများမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ တိုင်းရင်းသားတပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေ အကြားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး သောင်းနဲ့ ချီတဲ့ ဒေသခံတွေ စစ်ဘေးဒုက္ခခံစားနေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013