DVB Logo
Home
မြန်မာသတင်း
တစ်လကျော်ကာလ ကိုဗစ်-၁၉ ကူးစက်မှု ရှမ်းပြည်နယ်က အများဆုံးဖြစ်နေ
DVB
·
October 6, 2021
တစ်လကျော်ကာလ ကိုဗစ်-၁၉ ကူးစက်မှု ရှမ်းပြည်နယ်က အများဆုံးဖြစ်နေ
Donate to DVB

မြန်မာပြည်တွင်း ၂၀၂၁ စက်တင်ဘာနဲ့ အောက်တိုဘာ ဆန်းပိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက်သူဦးရေ အများဆုံးမှာ ရှမ်းပြည်နယ်က ဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလကဆိုရင် ရက်ပေါင်း ၃၀ အတွင်း ၂၉ ရက်မှာ ရှမ်းပြည်နယ်က အမှတ်စဉ် ၁ နဲ့ အများဆုံးဖြစ်နေပြီး စက်တင်ဘာ ၁ ရက်တည်းမှာသာ မကွေးတိုင်းက အများဆုံးဖြစ်ကာ ရှမ်းပြည်နယ်က ဒုတိယအများဆုံး ဖြစ်ပါတယ်။ 

အောက်တိုဘာ ၁ ရက်မှ ၄ ရက်ထိမှာလည်း ရှမ်းပြည်နယ်က နံပါတ် ၁ အဆင့်မှာ နေ့စဉ်ရှိနေပါတယ်။ 

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ စက်တင်ဘာလထဲမှာ ရှမ်းပြည်နယ်က ကိုဗစ် ၁၉ ပိုးတွေ့လူနာပေါင်း ၁၆၉၁၈ ဦး  နဲ့ အောက်တိုဘာလတွင်း ၄ ရက်တာကာလမှာ ၂၃၁၈ ဦး ရှိပါတယ်။ 

အဲဒီထဲမှာ ပိုးတွေ့မှုအများဆုံးကတော့ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ကဖြစ်ပြီး စက်တင်ဘာလထဲမှာ ၇၄၀ ဦး၊ အောက်တိုဘာလ ၄ ရက်တွင်း ၂၄၆ ဦးရှိပါတယ်။

ကျိုင်းတုံမြို့နယ် ကိုဗစ်-၁၉ လူနာနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတ အသင်းဝင်တစ်ဦး (မောင်မောင်နိုင်-ကျိုင်းတုံ) ကတော့ ကျိုင်းတုံမြို့ရဲ့ ကိုဗစ်-၁၉ တတိယလှိုင်း ၅/၁၀/၂၀၂၁ အထိ အတည်ပြုလူနာပေါင်း ၄၂၄၃ ဦး၊ ဆေးရုံဆင်းသူပေါင်း ၃၄၁၃ ဦး၊ သေဆုံးသူ ၇၈ ဦးနဲ့ ကုသဆဲ ၇၅၂ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။ 

အောက်တိုဘာ ၅ ရက်မှာ ၅၄၀ ဦးဆေးစစ်တဲ့အနက် ၇၅ ဦး ပိုးတွေ့၊ သေဆုံးသူ ၂ ဦးရှိပြီး အောက်တိုဘာ ၄ ရက်နေ့မှာတော့ အတည်ပြုလူနာသစ် ၁၅၅ ဦး တွေ့ရှိတယ်လို့ ဖော်ပြထားတာကြောင့် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်နဲ့ ၃ ဆကွာဟနေပါတယ်။ 

ရှမ်းပြည်နယ်တစ်ခုလုံးရဲ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်နယ်ကုသရေး စင်တာတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပေမယ့် တာဝန်ယူဖြေကြားပေးမယ့်သူမရှိပါဘူး။   ကိုးကား - https://www.facebook.com/mmnktg.kyinetong

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013