DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတောင်ပိုင်းတွင် တရားမ၀င် မြန်မာလုပ်သား ၄၅ ဦး ဖမ်းဆီးခံရ
DVB
·
October 6, 2021
ထိုင်းနိုင်ငံတောင်ပိုင်းတွင် တရားမ၀င် မြန်မာလုပ်သား ၄၅ ဦး ဖမ်းဆီးခံရ
Donate to DVB

မြန်မာနိုင်ငံအောက်ပိုင်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ထိုင်းနိုင်ငံအောက်ပိုင်း ပရာကျွတ်ခီရီခန် ပြည်နယ်ရဲ့ မူအန်ခရိုင်ထဲ နယ်ကျော်ဝင်ရောက်လာတဲ့ တရားမ၀င် မြန်မာလုပ်သား ၄၅ ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး ဆုထီဖုန် ပုထိဖုန်က ပြောပါတယ်။ 

အသက် ၁၇ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသမီး ၂၅ ဦး နဲ့ အမျိုးသား ၉ ဦး ပါဝင်တဲ့ ပထမအုပ်စုကို မူအန်ခရိုင် အိုနွိုင်းနယ်မြေရှိ နိုဝမ်ကယောက်ရွာအနီးက နာနတ်စိုက်ခင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

ဒီအလုပ်ရှာဖွေသူ ၃၄ ယောက် အုပ်စုဟာ စနေနေ့ည ၇ နာရီလောက်မှာ ခေါက်လာ့က် သဘာဝနယ်စပ်ဖြတ်ကျော်လမ်းကနေတဆင့် ထိုင်းနိုင်ငံထဲ ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။ 

သူတို့ထဲက ၂၇ ယောက်ဟာ စမွတ်စခွန်ရှိ စက်ရုံတခုကို သွားမှာဖြစ်ပြီး နောက် ၇ ယောက်ကတော့ ပရာကျွတ်ခီရီခန်ထဲက ဆမ်ရွိုင်ယော့ဒ် ခရိုင်ရှိ နာနတ်သီးစက်ရုံတစ်ခုကို သွားမှာလို့ ရဲမှူးကြီးက ပြောကြားခဲ့ပါတယ်။ 

သူတို့ဟာ မြန်မာနိုင်ငံဘက်က အလုပ်ပွဲစားတွေအတွက် ဘတ်ငွေ ၁၈၀၀၀ စီပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အလုပ်ရှာကြသူတွေကို အိုနွိုင်းရဲတပ်ဖွဲ့ကို ဥပဒေအရ တရားစွဲဆိုဖို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ 

ဒုတိယအုပ်စုမှာတော့ အသက် ၁၉ နှစ်မှ ၂၅ နှစ်ကြား အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ ပါဝင်ပါတယ်။ သူတို့ဟာ တနင်္ဂနွေနေ့ညက မူအန်ခရိုင် ဟွေ့ဆိုင်နယ်မြေက ထမ်မီး နယ်စပ်ဂိတ်ကနေတဆင့် ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတာပါ။ 

သူတို့ကိုတော့ ထိုင်းလမ်းပြ ပီရာဖုန် ပွန်ဆဝပ်က ပစ်ကပ်ကားနဲ့ လာခေါ်တာပါ။ ည ၉ နာရီလောက်မှာ ကားကို ခလုံန်ဝမ်ခရိုင် မူဆမ်ကျေးရွာမှာ ရဲက ရပ်တန့်ခိုင်းရာကနေ အားလုံးအဖမ်းခံခဲ့ရပါတယ်။ 

မစ္စတာ ပီရာဖုန် ပြောတာကတော့ သူ့ကို ဖက်ကဆမ် အဝေးပြေးလမ်းမမှာ ရှိနေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေကို သွားခေါ်ပြီး အဲ့ဒီကနေ စမွတ်စခွန်ရှိ ငါးစည်သွပ်စက်ရုံတခုကို ပို့ပေးဖို့ ငှားရမ်းခဲ့တာလို့ ဆိုပါတယ်။ ခရီးသည်တစ်ဦးစီအတွက် ဘတ် ၅၀၀ ပေးမယ်ဆိုပြီး ကတိပေးထားတယ်လို့ ပြောပါတယ်။ 

သူတို့အားလုံးကို ဥပဒေအရ ဆက်လက်ဆောင်ရွက်ဖို့ ဟွေ့ယမ်ရဲစခန်းကို လွှဲပြောင်းပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013