DVB Logo
Home
မြန်မာသတင်း
တရက်တည်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၁,၅၀၀ ကျော်၊ စုစုပေါင်း ၄၇၀,၀၀၀ ကျော်ရှိလာ
DVB
·
October 6, 2021
တရက်တည်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၁,၅၀၀ ကျော်၊ စုစုပေါင်း ၄၇၀,၀၀၀ ကျော်ရှိလာ
1 / 4
Donate to DVB

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၅၀၀ ကျော်နဲ့ ကူးစက်ခံ ရသူ စုစုပေါင်း ၄၇၀,၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေအ များစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၈,၁၃၅ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၅၂၆ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ဒါ့အပြင် ထပ်မံသေဆုံးသူ ၃၆ ယောက်ရှိခဲ့ပြီး ရောဂါပြန်လည် ပျောက်ကင်းသက်သာ လာလို့ ဆေးရုံကဆင်းခွင့်ရသူအရေအတွက်ကတော့ ၁,၂၅၀ ယောက်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၇,၉၅၇ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၇၁,၃၀၈ ယောက် ရှိနေပါတယ်။

ရောဂါကူးစက်မှုတွေ ထိန်းချုပ်နိုင်ဖို့ နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့အထိ ထပ်မံပိတ်ထားဖို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ဒါ့အပြင် ရောဂါကူးစက်မှုများတဲ့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၂၀ ကျော်ကိုလည်း Stay At Home အမိန့်ထုတ်ထားပါတယ်။

ကာကွယ်ဆေး ထိုးနှံမှုအနေနဲ့ ပြီးခဲ့တဲ့ စစ်ကောင်စီ ကျန်းမာရေးဌာန ထုတ်ပြန်တဲ့ ကိန်း ဂဏန်းအချက်အလက်တွေအရ အောက်တိုဘာ ၂ ရက်နေ့အထိ အကြိမ်ပြည့် ၂ ကြိမ်ထိုးနှံ ပြီးသူ ၃ ဒသမ ၈၇ သန်းကျော်၊ ၁ ကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၅၁ သန်းကျော်နဲ့ စုစုပေါင်း လူဦးရေ ၈ ဒသမ ၃၉ သန်းကျေိာ် ထိုးနှံပြီးစီးခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013