DVB Logo
Home
မြန်မာသတင်း
စက်တင်ဘာလအတွင်း CDM စစ်သားများကို ငွေကျပ် ၂၂ သန်းကျော် ထောက်ပံ့နိုင်ခဲ့
DVB
·
October 5, 2021
စက်တင်ဘာလအတွင်း CDM စစ်သားများကို ငွေကျပ် ၂၂ သန်းကျော် ထောက်ပံ့နိုင်ခဲ့
Donate to DVB

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း CDM စစ်သားတွေနဲ့ မိသားစုဝင်တွေကို ပြည်သူ့မေတ္တာ ပြည်သူ့ပိုက်ဆံနဲ့ ငွေကျပ် ၂၂ ဒသမ ၈ သန်း ထောက်ပံ့နိုင်ခဲ့တယ်လို့ သိရပါတယ်။

ခုလိုထောက်ပံ့မှုတိုင်းဟာ ပြည်သူတွေရဲ့ ထောက်ပံ့မှုတွေဖြစ်ပြီး CDM စစ်သားတွေကို ပြည်သူက စောင့်ရှောက်နေတာကြောင့် ပြည်သူ့ဘက် အမြန်ရပ်တည်ကြဖို့လည်း People’s Soldiers အဖွဲ့က ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ မတရားစစ်အာဏာသိမ်းကာလအတွင်း အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်ပြီး ပြည်သူ့ဘက်က ရပ်တည်လိုတဲ့ တပ်မတော်သားတွေ၊ ရဲတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေကို အမျိုးသားညီညွတ်ရေးအစိုး(NUG) အပါအဝင် မြို့ရွာအနှံ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ဖိတ်ခေါ်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် CDM လုပ်ပြီး ပြည်သူတွေနဲ့ လာရောက်ပူးပေါင်းတဲ့ တပ်မတော်သား၊ ရဲသားနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေအပါအဝင် မိသားစုဝင်တွေအတွက် လိုအပ်တဲ့ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် ဆုကြေးတွေကိုပါ ချီးမြှင့်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်ကစပြီး အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေလည်း ရှိခဲ့ပြီး နိုင်ငံတဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံး ပြည်သူ ၁၁၆၀ နီးပါး၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၇၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013