DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့ခံ လူငယ် ၉ ဦးကို PDF ဟု စွပ်စွဲ စစ်အုပ်စုက နှိပ်စက်နေ
DVB
·
October 4, 2021
မိုးကုတ်မြို့ခံ လူငယ် ၉ ဦးကို PDF ဟု စွပ်စွဲ  စစ်အုပ်စုက နှိပ်စက်နေ
1 / 2
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့က သပိတ်ခေါင်းဆောင် ဦးစိုးဌေးရဲ့သားအကြီး ကိုဥက္ကာစိုး အပါအဝင် မြို့ခံလူငယ် ၉ ဦးကို စစ်အုပ်စုက PDF လို့ စွဲချက်တင်ပြီး နှိပ်စက်နေတယ်လို့  သူတို့နဲ့ နီးစပ်တဲ့ ဒေသခံက ပြောပါတယ်။ 

“ဖမ်းသွားတာ ၅ ရက်လောက်ရှိပြီ။ ပြန်လွှတ်ပေးတော့မယ် မထင်ဘူး။ PDF လို့ စွဲချက်တင်ပြီး တရားစွဲမယ်ကြားတယ်။ အခုလည်း မေးမြန်းပြီး နှိပ်စက်နေတယ်။ တချို့လူတွေပဲ မိဘနဲ့တွေ့ခွင့်ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဦးစိုးဌေးသားအပါအဝင် လူငယ် ၉ ဦးကို စက်တင်ဘာ ၂၉ ရက် မနက်ပိုင်း ၆ နာရီ ဝန်းကျင်က Mogok Delivery to service ရုံးမှာ စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

“ရုံးမှာ မနက်အစောပိုင်း လာဖမ်းသွားတယ်။ Laptopကော၊ ဖုန်းတွေကော အားလုံး သိမ်းသွားတယ်။ Customer ကို ပို့ရမယ့် ပစ္စည်းတွေကအစ ဖောက်ပြီးယူသွားတယ်။ ရုံး တခုလုံးကိုလည်း မွှေထားတာ ဆိုဖာတွေကိုလည်း ဖြဲပြီးရှာထားတယ်”လို့ နီးစပ်သူတွေဆီက သိရပါတယ်။ 

ဦးစိုးဌေးရဲ့သားဟာ delivery service လုပ်ငန်းကိုလုပ်ကိုင်နေတာဖြစ်ပြီး ရုံးမှာ ညဘက် လာအိပ်တဲ့ဝန်ထမ်းတချို့နဲ့ သူငယ်ချင်းတွေဖမ်း​ဆီးခံထားရတာ ၅ ရက်လောက်ရှိနေပြီး ဘာကြောင့်ဖမ်းထားတယ်ဆိုတာကို မသိရသေးပါဘူး။ 

စစ်ကောင်စီဟာ  မိုးကုတ်သပိတ်ခေါင်းဆောင်ဦးစိုး​ဌေးကို ပုဒ်မ ၅၀၅ (က)နဲ့ ဝရမ်းထုတ်ထားပြီး ဖမ်းမမိတာကြောင့် ဇနီးနဲ့ သမီးကိုဓားစာခံအဖြစ် ဖမ်း​ဆီးပြီး ထောင် ၃ နှစ်ချထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013