DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် လူသားချင်းစာနာမှုအခြေအနေ စိုးရိမ်ဖွယ်ဖြစ်နေဟု ကုလ ထုတ်ပြန်
DVB
·
October 4, 2021
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် လူသားချင်းစာနာမှုအခြေအနေ စိုးရိမ်ဖွယ်ဖြစ်နေဟု ကုလ ထုတ်ပြန်
Donate to DVB

စစ်ကိုင်းတိုင်းနဲ့  မကွေးတိုင်းဒေသကြီးတွေမှာ လူသားချင်းစားနာမှုအခြေအနေဟာ စိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး ( UNOCHA)   ယူအန်အိုးချားက အောက်တိုဘာ ၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၄ ရက်မှ ၁၃ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ လူဦးရေ ၆၀,၀၀၀ ကျော်၊ မကွေးတိုင်းဒေသကြီးမှာ လူဦးရေ ၁၂,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ ကြရတယ်လို့ ကုလ သတင်းလွှာမှာ ဖော်ပါတယ်။

ဧပြီလဆန်းပိုင်းကစပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိဒေသခံ PDF တွေကို ပစ်မှတ်ထားကာ စက်တင်ဘာ ၁၆ ရက်မှာ စစ်ကိုင်းတိုင်းအတွင်း   ပထမဆုံးအကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့  ရပ်သားသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့်လည်း လူထောင်ပေါင်းများစွာ အိုအိမ်စွန့်ခွာထွက်ပြေးရပြီး ဥစ္စဓနတွေ၊ အိမ်တွေ မီးရှို့ဖျက်ဆီးခံနေရတယ်လို့လည်း UNOCHA က ထုတ်ပြန်ပါတယ်။

အလားတူ ချင်းပြည်နယ် အထူးသဖြင့် ထန်တလန်မြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ပြီး  စက်တင်ဘာ ၁၃ ရက်နေ့ ကိန်းဂဏန်းအရ ချင်းပြည်နယ် မြို့နယ်တော်တော်များများမှာ  လူဦးရေ ၁၂၀၀၀ လောက် နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်။

ဒါ့အပြင် စက်တင်ဘာလအတွင်းမှာပဲ မြန်မာနိုင်ငံအရှေ့တောင်းပိုင်း အထူးသဖြင့် ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်ဆောင်ပိုင်းက အနီးပတ်ဝန်းကျင်မြို့နယ်တွေမှာ စိုးရိမ်ဖွယ် လုံခြုံရေးအခြေအန ဖြစ်ဆဲဖြစ်ပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလနောက်ပိုင်း တိုက်ပွဲနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် လူဦးရေ ခန့်မှန်းခြေ ၁၄၂,၀၀၀ လောက်ဖြစ်တဲ့ အများစုဟာ ကယားပြည်နယ်အတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

ရှမ်းပြည်နယ်မှာလည်း ၂၀၂၁ ခု အစပိုင်းကတည်းက လူပေါင်း ၃၄၀၀၀ လောက် တိုက်ပွဲရှောင် ထွက်ပြေးကြရပြီး အခုချိန်ထိ ၁၃၀၀၀ ကျော်ဟာ ယာယီစခန်းတွေမှာ နေထိုင်နေရဆဲဖြစ်ကြောင်း‌ ကုလသတင်းလွှာမှာ ဖော်ပြပါတယ်။စက်တင်ဘာလနောက်ပိုင်း ပြင်းထန်လာတဲ့တိုက်ပွဲတွေ၊ ကိုဗစ်-၁၉  နဲ့ ဆက်စပ်တဲ့ ကန့်သတ်ချက်တွေအကြောင့် ထိခိုက်လွယ်တဲ့ မိသားစုတွေထံ  လူသားချင်းစာနာမှုအကူအညီနဲ့ အကာအကွယ်ပေးရေး အစီအစဉ်တွေ ရောက်ရှိဖို့ ခက်ခဲနေကြောင်းလည်း UNOCHA  က အစီရင်ခံပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013