DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာများ ထပ်မံဖမ်းဆီးခံရ
DVB
·
October 4, 2021
ထိုင်းတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာများ ထပ်မံဖမ်းဆီးခံရ
1 / 3
Donate to DVB

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းဆီးခံနေရပြီး ဒီနေ့မနက်ပိုင်းက ၁၅ ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရနောင်းခရိုင် နဲ့ ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်လာသူ ၃၀ ကျော်ဖမ်းဆီးခံရပြီးတဲ့နောက် ဒီကနေ့မနက်မှာလည်း နောက်ထပ်ဖမ်းဆီးခံရတာတွေ ရှိနေ ပါတယ်။ 

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဖှန်မြို့နယ်ထဲမှာ မြန်မာပြည်ဘက်ကနေ တရားမဝင် ဝင်ရောက်လာပြီး ဘန်ကောက်မှာအလုပ်သွားလုပ်မယ့် တရားမဝင်အလုပ်သမား ၁၅ ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်တယ်လို့ ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းနယ်ခြားစောင့်တပ်၊ ကျေးရွာအုပ်ချုပ်ရေးပိုင်းနဲ့ ကျေးရွာလုံခြုံရေးအဖွဲ့ဝင်တွေဟာ ဒီကနေ့ (အောက်တိုဘာ ၄ ရက်) မနက်က ဖှန်မြို့နယ် မဲ့ငွန်းကျေးရွာအုပ်စု ဘန့်လုံကျေးရွာတွင်း လုံခြုံရေးလိုက်လံစစ်ဆေးနေစဉ် သစ်သီးခြံတစ်ခုရဲ့ အစွန်ပိုင်းမှာ ပုန်းခိုနေတဲ့ လူတစ်စုကိုတွေ့ရ တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

စုစုပေါင်း ၁၅ ဦး (ကျား ၈ ဦး၊ မ ၇ ဦး)ဖြစ်ပြီး အသက် ၁၅ နှစ် မှ ၃၀ ကြား အရွယ်တွေ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ထိုင်းနိုင်ငံထဲဝင်ရောက်လာတဲ့ အထောက်အထား လုံးဝမရှိဘူးလို့ ဆိုပါတယ်။ 

ဆက်လက်စစ်ဆေးချက်အရ သူတို့တွေဟာ နယ်စပ်ဘန့်မာ့ကျေးရွာ တောလမ်းဘက်ကနေ ခြေလျင်ဝင်ရောလာပြီး အမည်မသိ တရုတ်နိုင်ငံသား ၁ ဦးက လမ်းပြခေါ်ဆောင်လာကြောင်း၊ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ရောက်လာကာ ပွဲစားခ ၁ ဦးကို ဘတ် ၂၉၀၀၀ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

သက်ဆိုင်ရာက သူတို့ကို ကိုဗစ်-၁၉ ရောဂါအရင်စစ်ဆေးပြီး လဝက ဥပဒေအရအ ရေးယူကာ ပြည်နှင်ဒဏ်ပေးသွားမှာဖြစ်ပါတယ် ။ 

ချင်းမိုင်ခရိုင်တွင်းရှိ ထိုင်းမြန်မာနယ်စပ်တလျှောက်မှာ တရားမဝင် ရွှေ့ပြောင်းသွားလာမှု၊ မူးယစ်ဆေးဝါးသယ်ဆောင်မှုတွေကာကွယ်ဖို့အတွက် ချင်းဒေါင်း၊ ဖှန်၊ မဲ့အိုင်း ၊ ချိုင်းပရကန်း၊ ဝိန်းဟိုင်စတဲ့ မြို့နယ် ၅ ခုမှာ လုံခြုံရေးတွေ ၂၄ နာရီ စောင့်ကြပ်ထားတယ်လို့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောသွားပါတယ်။ 

အလားတူ ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာလည်း တရားမဝင် ဝင်ရော က်လာတဲ့ မြန်မာဆယ်ကျော်သက် ၂ ဦးကို ဖမ်းဆီးရမိတယ်လို့ AEC อาเซียน News သတင်းမှာ ဖော်ပြပါတယ်။ 

အောက်တိုဘာ ၃ ရက်နေ့က ထိုင်းအမှတ် ၄ စစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နဲ့ နယ်မြေခဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မဲဆောက်မြို့ ထာ့ဆိုင်လွတ်အုပ်စု ရိမ်းမွေးရပ်ကွက်တွင်းရှိ သောင်ရင်းမြစ်ကမ်းတလျှောက် လှည့်လည်စစ်ဆေးနေစဉ် ရိမ်းမွေးဈေးအနီးမှာ မသင်္ကာဘွယ် လူငယ် ၂ ( ကျား ၁ + မ ၁ ) ဦးကို တွေ့ရှိကြောင်း၊ စစ်ဆေးချက်အရ ယောက်ျားလေးမှာ အသက် ၁၇ နှစ်၊ မိန်းကလေးမှာ အသက် ၁၈ နှစ်သာရှိပြီး ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတာဖြစ်လို့ ကိုဗစ် - ၁၉ စစ်ဆေးပြီး လဝကဉပဒေအရ အရေးယူသွားမယ်လို့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013