DVB Logo
Home
နိုင်ငံတကာ
ဗုဒ္ဓဘာသာ ရဟန်းတော်များ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ သီရိလင်္ကာ၌ စတင်
DVB
·
April 23, 2026
Photo: Reuters
Photo: Reuters
Donate to DVB

သီရိလင်္ကာနိုင်ငံတဝန်းမှာ ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ အချိန် တပတ်ကြာမဲ့ “ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ပွဲ” ကို ဧပြီ ၂၂ ရက်မှာ စတင်လိုက်ပါတယ်။

လမ်းလျှောက်ပွဲဟာ ဗုဒ္ဓဘာသာအဆုံးအမတွေနဲ့အညီ ငြိမ်းချမ်းရေးနဲ့ သတိပဋ္ဌာန်ကို မြှင့်တင်ဖို့နဲ့ သီရိလင်္ကာရဲ့ ဗုဒ္ဓဘာသာအမွေအနှစ်ကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

ဒီပွဲကို အမေရိကန်အခြေစိုက် ဗီယက်နမ်ဘုန်းတော်ကြီး ပဉ္စကရထေရက ဦးဆောင်ခဲ့ပြီး ပြည်တွင်း ပြည်ပ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့အတူ အာလောကလို့ နာမည်ပေးထားပြီး ကယ်ဆယ်ထားတဲ့ လမ်းဘေးခွေးတကောင်လည်း ပါဝင်ပါတယ်။

လမ်းလျှောက်ပွဲဟာ မြို့တော်ကိုလံဘိုရဲ့ မြောက်ဘက် ၉၉ မိုင် အကွာက ဒမ်ဘူလာမြို့ရဲ့ သမိုင်းဝင်ဂူဘုရားကျောင်းကနေ စတင်ခဲ့ပါတယ်။

မိုင် ၁၄၀ ရှည်တဲ့ ခရီးစဉ်က ကိုလံဘိုမြို့တော်ရဲ့ လွတ်လပ်ရေးရင်ပြင်မှာ အဆုံးသတ်မှာဖြစ်ပြီး သမ္မတ အနုရာ ကုမာရာ ဒစ်ဆာနာယာကေးက သူတို့ကို ကြိုဆိုမယ်လို့ မျှော်လင့်ရပါတယ်။

ဧပြီ ၂၁ ရက်မှာ ပဉ္စကရ ထေရက အနုရာဓ ပူရမြို့မှာ ဘာသာရေး အခမ်းအနားတခု ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေးသင်္ကေတအဖြစ် အမေရိကန်ပြည်ထောင်စုမှာ စိုက်ဖို့ စီစဉ်ထားတဲ့ ဗောဓိပင် အပင်ပေါက်တပင်ကို သယ်ဆောင်သွားခဲ့ပါတယ်။

အမေရိကန်နဲ့ ကမ္ဘာတဝန်းမှာ ငြိမ်းချမ်းရေးနဲ့ သတိပဋ္ဌာန်ဆိုင်ရာ အသိပညာတွေ မြှင့်တင်ဖို့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ပဏ္ဏကာရထေရက ရဟန်းတော်တွေကို ဦးဆောင်ပြီး အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ကနေ ဝါရှင်တန်ဒီစီ မြို့တော်အထိ ၁၀၉ ရက်ကြာ ခရီးရှည် လမ်းလျှောက်ခြင်းအားဖြင့် စတင်ခဲ့ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013