DVB Logo
Home
မြန်မာသတင်း
ပူတာအိုမြို့အ၀င် စစ်‌ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်
DVB
·
October 3, 2021
ပူတာအိုမြို့အ၀င် စစ်‌ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုမြို့အ၀င် မူလာရှီးဒီဂိတ်ကို အောက်တိုဘာ ၃ ရက် ဒီနေ့မနက် ၁ နာရီကျော်က ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (PUTAO PDF) က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မူလာရှီးဒီဂိတ်ကို PDF တွေ လာပစ်သွားတယ်။ လက်နက်ကြီးသံ၊ လက်နက်ငယ်အသံတွေ အများကြီး ကြားရတယ်။ မိနစ် ၃၀ ခန့်ကြာအောင် သေနတ်ပစ်သံတွေ ကြားရတယ်။ အနီးအနားက ပြည်သူတွေ ကြောက်လို့ တညလုံး မအိပ်နိုင်ကြဘူး။ ထိခိုက်မှု ရှိ၊ မရှိ သိရဖို့ သွားချင်တာ။ ဘယ်သူမှမသွားရဲကြဘူး” လို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။ 

အကြမ်းဖက်စစ်ခေါင်းဆောင်အား ပူတာအိုမှ လက်မခံကြောင်း သတိပေးတဲ့အနေနဲ့ ပစ်ခတ်လိုက်တာဖြစ်တယ်လို့ ပူတာအိုကာကွယ်ရေးတပ်ဖွဲ့က လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အောက်တိုဘာ ၃ ရက်နေ့မှာ  ပူတာအိုတက်ဖို့ စီစဉ်ထားတယ်လို့သိရပြီး ပူတာအိုကာကွယ်ရေးတပ်ဖွဲ့ကလည်း ပြည်သူတွေ မျှော်လင့်ထားသလို အဆင်သင့်ပြင်ဆင်ထားကြောင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013