DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ်တွင် ရဲအချုပ်ကား မိုင်းဆွဲခံရ
DVB
·
October 2, 2021
ဘုတလင်မြို့နယ်တွင် ရဲအချုပ်ကား မိုင်းဆွဲခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရဲစခန်းက အချုပ်ကားနဲ့ ရဲအင်အားအယောက် ၂၀ လောက် ပဲမြစ်တောကျေးရွာအနီးမှာ ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘုတလင်မြို့နယ်၊ ငပယင်းစံပြကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ဒီကနေ့ အောက်တိုဘာ ၂ ရက်နေ့ မနက်ပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာကို လာရောက်စစ်ဆေးစဉ်မှာ မိုင်းဆွဲခံရတာပါ။  

ဒေသခံရွာသားတစ်ဦးက “မနက်က အုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရတဲ့ကျေးရွာကို အချုပ်ကားကြီးနဲ့ သွားစစ်ဆေးတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်ခံရတာဗျ။ ကားကတော့ ပက်လက်လန်နေတယ်။ အခုအချိန်အထိ ရှိသေးတယ်။ အကျဆုံးကတော့ ရဲနှစ်ယောက် ထိခိုက်တယ်။ တစ်ယောက်က ဘုတလင်ဆေးရုံကနေ ဆေးထည့်ပြီး ဘုတလင်ရဲစခန်းကိုပြန်သွားပြီဗျ။ တစ်ယောက်ကတော့ အခြေအနေဆိုးတယ် ထင်တယ်။ နမခ စစ်ဆေးရုံခေါ်သွားကြတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ အပစ်ခံရတဲ့ ငပယင်း‌ကျေးရွာက အိမ်တွေကို ဝင်ရောက်ရှာဖွေကာ စားဆီပုံးတွေ၊ ဆန်အိတ်နဲ့ တခြား အဖိုးတန်ရွှေ၊ ငွေတွေပါ ယူဆောင်သွားကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013