DVB Logo
Home
မြန်မာသတင်း
အာကာသပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုကောင်းထက်သူကို ထောင်ဒဏ် ၃ လချ
DVB
·
October 2, 2021
အာကာသပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုကောင်းထက်သူကို ထောင်ဒဏ် ၃ လချ
Donate to DVB

ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုကောင်းထက်သူကို စစ်ကောင်စီက ထောင် ၃ လ ချလိုက်ပြီး ဇနီးဖြစ်သူကိုလည်း နှိပ်စက်စစ်ဆေးနေတယ်လို့ အဲဒီကျောင်းရဲ့ ကျောင်းသားသမဂ္ဂ (MAEU) က ထုတ်ပြန်ပါတယ်။

ကိုကောင်းထက်သူကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က မုံရွာမြို့၊ ဒေါင်းကျောင်းရှေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပုဒ်မ ၁၈၈ နဲ့ စွဲဆို ထောင်ချလိုက်တာပါ။

သူ့ရဲ့ ဇနီးဖြစ်သူကိုတော့ စစ်ဆေးနေဆဲဖြစ်ပြီး ရိုက်နှက် နှိပ်စက်တာတွေရှိတယ်လို့ MAEU က ဆိုပါတယ်။

ကိုကောင်းထက်သူဟာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း Mytel ကုမ္ပဏီဝန်ထမ်းအဖြစ်က နုတ်ထွက်ပြီး ဇနီးသည်နဲ့အတူ မုန့်ဟင်းခါးရောင်း၊ သပြေပန်းရောင်းပြီး အသက်မွေးဝမ်းကြောင်းပြုနေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013