DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပစ်သတ်ခံခဲ့ရသည့် စိတ်ကျန်းမာရေးမကောင်းသူအပါအဝင်ကျဆုံးပြည်သူ ၁၁၄၇ ဦး ထိရှိလာ
DVB
·
October 2, 2021
စစ်တပ်ပစ်သတ်ခံခဲ့ရသည့် စိတ်ကျန်းမာရေးမကောင်းသူအပါအဝင်ကျဆုံးပြည်သူ ၁၁၄၇ ဦး ထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၈ လအကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၄၇ ယောက်ထိ ရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၆၈၅ ယောက်ဖမ်းဆီးခံခဲ့ရကာ ၇၀၂၂ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၃၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၈၉ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

စက်တင်ဘာ ၂၈ ရက်ည ၇ နာရီကျော်လောက်က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့မှ ကိုရဲနိုင်ဦးကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ရေးမြို့ ချောင်းတောင်တံတား ဂိတ်မှာ ပစ်သတ်ခဲ့တယ်လို့ သိရှိရပါတယ်။ ကိုရဲနိုင်ဦးဟာ စိတ်ကျန်းမာရေး ကောင်းမွန် ခြင်းမရှိသူဖြစ်ပြီး အဲဒီနေ့မနက်ပိုင်းမှာ နေအိမ်ကနေ တယောက်တည်း ထွက်ခွာသွားရာမှ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကို မိသားစုထံ ပြန်လည် ပေးအပ်ခြင်း မရှိပဲ အကြမ်းဖက်စစ်အုပ်စုက သင်္ဂြိုဟ်ခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ပြန်ကြားရေးတာဝန်ခံနဲ့ တိုင်းလူငယ်အဖွဲ့ဝင်ဖြစ်သူ ဦးချမ်း မြေ့မောင်ကို သူနေထိုင်ရာ ခင်ဦးမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်က နေအိမ်မှာ အကြမ်း ဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013