DVB Logo
Home
မြန်မာသတင်း
တာ့ခ်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၂၃ ဦး ဖမ်းဆီးခံရ
DVB
·
October 1, 2021
တာ့ခ်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၂၃ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲ့လမတ်မြို့နယ်ထဲမှာ အောက်တိုဘာ ၁ ရက် ဒီကနေ့  တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၃ ဦး  ဖမ်းဆီးရမိတယ်လို့  ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့အတွက် နယ်စပ်ကနေ တရားမဝင် လလုပ်သမားတွေ သယ်ဆောင်လာမယ်လို့ ကြိုတင်သတင်းရထားတာကြောင့် ထိုင်းစစ်တပ် တပ်မဟာ ၃၅ နဲ့ တပ်မဟာ ၃၅၀၅  ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ မယ်လမတ်မြို့နယ်အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူ တွေနဲ့အတူ ဘန့်တိန်ထတ် ၊ ဘန့်ဆမ်မိန် ၊ ဘန့်ဆဲန်စတဲ့ ကျေးရွာတဝိုက်မှာ လှည့်လ ည်စစ်ဆေးနေခဲ့တယ်လို့ ဆိုပါတယ်။ 

ကင်းလှည့်နေချိန်မှာ မယ်လမတ်မြို့နယ်  ဆမ်မိန်အုပ်စု ဆဲင်ဟိုင့်ကျေးရွာဘက်ကနေ မောင်းနှင်လာတဲ့ကား ၂ စီးကို တွေ့ရှိတာကြောင့် တားဆီးစစ်ဆေးရာမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၃ ဦးကို တွေ့ရှိပြီး ယာဉ်မောင်းနဲ့လမ်းပြကတော့ ထိုင်းလူမျိုးဖြစ်ကာ ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို မယ်လမတ်ဆေးရုံမှာ  ရောဂါရှာဖွေစစ်ဆေးပြီး တရားဥပဒေအရ အရေးယူသွားမယ်လို့ ဒေသတွင်းတာဝန်ရှိသူက ပြောပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး သနေးရှင်းထိုင်းတီဗွီသတင်းမှာတော့ သူတို့ဟာ သောင်ရင်းမြစ်ကို ကူးဖြတ်ဝင်ရောက်လာကြောင်း ၊ ကျား ၁၅  ဦး ၊ မ ၇ ဦး နဲ့ ကလေး ၁ ဦးပါဝင်တယ်လို့ ဆိုပါတယ်။ 

သူတို့ကို ဘန့်ဆဲန်ဆေးရုံမှာ အပူချိန်တိုင်းရာမှာ ၅ ဦးက အဖျားရှိနေတာတွေ့ရလို့ တခြားသူတွေနဲ့ သီးသန့်ခွဲထားပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးဆက်လက်စစ်ဆေးကာ ဥပဒေအရအရေးယူဖို့ မဲ့လမတ်ရဲစခန်းကို ပို့ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ် ။ 

ဓာတ်ပုံများ - https://www.nationtv.tv/news/378843344

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013