
၄ နှစ်မြောက်ရှိလာပြီဖြစ်တဲ ဆူဒန်ပဋိပက္ခဟာ ပြည်သူသန်းပေါင်းများစွာကို ဆင်းရဲမွဲတေမှုဆီ တွန်းပို့ခဲ့ပြီး မိသားစုတချို့က ရှင်သန်ဖို့ တိရစ္ဆာန်အစာကိုပါ မှီခိုအားထားခဲ့ပါတယ်။
ဆူဒန် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆူဒန်နိုင်ငံ အုပ်ချုပ်မှု ကောင်စီ အကြီးအကဲနဲ့ စစ်တပ်အကြီးအကဲ အဘ်ဒယ်ဖာတာအယ်လ်ဘာဟန်နဲ့ သူ့ရဲ့လက်ထောက်ဟောင်း RSF တပ်မှူး မိုဟာမဒ်ဟမ်ဒန် ဒါဂါလိုတို့အကြား လပေါင်းများစွာ တင်းမာလာပြီးတဲ့နောက် ၂၀၂၃ ခုနှစ် ဧပြီလမှာ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အမြန်ထောက်ပံ့ရေးတပ် (RSF) အကြား တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။
၂၀၂၃ ခုနှစ် တနှစ်တည်းမှာ ဆူဒန်လူမျိုး ၆ ဒသမ ၉ သန်းနီးပါးဟာ အလွန်အမင်း ဆင်းရဲမွဲတေမှုဆီ တွန်းပို့ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က ပြောပါတယ်။
လက်ရှိမှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ စစ်ပွဲမတိုင်မီက ၃၈ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် နိုင်ငံထဲမှာ ဆင်းရဲမွဲတေနေကြတယ်လို့ ဆူဒန်နိုင်ငံ UNDP ဌာနေကိုယ်စားလှယ် လူကာ ရန်ဒါက ခန့်မှန်း ပြောပါတယ်။
လက်ရှိဖြစ်နေတဲ့ ပဋိပက္ခကြောင့် ဆူဒန်စီးပွားရေး ပြိုလဲသွားတယ်လို့ UNDP က သတိပေးခဲ့ပါတယ်။
စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) သိသိသာသာ ကျဆင်းပြီး လူပေါင်း ၁၃ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာပါ။
အခုလက်ရှိ အလွန်အမင်းဆင်း ရဲမွဲတေမှုနှုန်းဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကထက် ကျော်လွန်နေပါတယ်။
ငြိမ်းချမ်းရေးဟာ သန်းပေါင်းများစွာသောလူတွေကို အလွန်အမင်း ဆင်းရဲမွဲတေမှုကနေ ကယ်တင်နိုင်ပေမဲ့ နှောင့်နှေးမှုတွေနဲ့ ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေက ဆူဒန်နိုင်ငံကို ဆယ်စုနှစ်များစွာကြာအောင် ဖွံ့ဖြိုးမှုနိမ့်ကျခြင်းနဲ့ ဆင်းရဲမွဲတေခြင်းတွေထဲမှာ ပိတ်မိနေစေနိုင်တယ်လို့ UNDP က ခန့်မှန်းထားပါတယ်။
Source: Reuters











