DVB Logo
Home
နိုင်ငံတကာ
ပဋိပက္ခနှင့်ဆက်စပ် ဖမ်းဆီးထားသူ ၆၀၀ ကို ဟူသီ ပြန်လွှတ်ပေး
DVB
·
November 16, 2026
Photo: REUTERS/Khaled Abdullah
Photo: REUTERS/Khaled Abdullah
Donate to DVB

 

ယီမင်နိုင်ငံက ဟူသီအာဏာပိုင်တွေက နိုင်ငံအတွင်း ဖြစ်ပွားနေဆဲ ပဋိပက္ခနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ အယောက် ၆၀၀ ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ အကူအညီနဲ့ နိုဝင်ဘာ ၁၅ ရက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

ပြန်လွှတ်ပေးခံရသူတွေဟာ ဆာနာမြို့တော်မှာ ဟူသီတို့ ထိန်းချုပ်ထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အကျဉ်းသားရေးရာ အမျိုးသားကော်မတီတို့ ပူးပေါင်းကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

ပြန်လွှတ်ပေးလိုက်သူတွေဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်း ရှေ့တန်းစစ်မျက်နှာပြင်တွေ ကနေ ဖမ်းဆီးရမိခဲ့သူတွေဖြစ်ပြီး သူတို့အထဲမှာ ကျန်းမာရေးမကောင်းသူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အထူးလိုအပ်နေသူတွေပါတယ်လို့ ကော်မတီရဲ့ အကြီးအကဲဖြစ်သူ အဗ္ဗဒူ ကာဒါ အယ်လ်-မူတာဒါက ပြောပါတယ်။ 

သူတို့က အကျဉ်းသားတွေကို ပြန်မလွှတ်ပေးမီ တဦးချင်းစီနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခဲ့သလို၊ ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ပေးပြီး နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်တဲ့ အကူအညီတွေကို ပံ့ပိုးပေးခဲ့တယ်လို့ ICRC က ပြောပါတယ်။

ဒီလိုပြန်လွှတ်ပေးဖို့ အကျဉ်းသားရေးရာ အမျိုးသားကော်မတီက တဖက်သတ် စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး စတော့ဟုမ်းသဘောတူညီချက်အရ လုပ်ဆောင်ခြင်း မဟုတ်ဘူးလို့ ICRC က ပြောပါတယ်။

Source: Reuters 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013