DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်
DVB
·
October 1, 2021
ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်
Donate to DVB

ကရင်ပြည်နယ်နယ်၊  ကော့ကရိတ်မြို့နယ် ကေအန်ယူ တပ်မဟာ ၆ နယ်မြေထဲမှာ  ဒီကနေ့ အောက်တိုဘာ ၁ ရက်နေ့ မနက်က  စစ်ကောင်စီတပ်တွေနဲ့   ကေအန်ယူ လက်အောက်ခံတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူနဲ့ နီးစပ်တဲ့ အသိုင်းအဝန်းက ပြောပါတယ်။ 

ဒီမနက် ၉ နာရီ ၁၅ မိနစ်လောက်မှာ ကော့ကရိတ်မြို့တောင်ဘက်  တမိုင်လောက်ဝေးတဲ့  ရွာသစ်ရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့တွေ နယ်ကျော်ဝင်ရောက်လာတာကြောင့် ကေအန်ယူ တပ်မဟာ ၆ ၊  တပ်ရင်း ၁၈ ၊ တပ်ခွဲ ၃ က ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၄ ယောက်လောက် ထိမှန်သွားတယ်လို့ဆိုပါတယ်။ 

ကျည်ဆန်ထိမှန်သွားတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ရဲ့ အခြေအနေကို ဒီဗွီဘီက အတည်မပြုနိုင်သေးပါဘူး။   KIC ကရင်သတင်းဌာနကတော့ တိုက်ပွဲမှာ  စစ်ကောင်တပ်ဖွဲ့ဝင်  ၄ ဦးကျဆုံးပြီး G1 တစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရသွားတယ်လို့ ရေးသားထားပါတယ်။

ပထမအကြိမ် ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေက ထိခိုက်ဒဏ်ရာရသူတွေကို လူနာလာတင်တဲ့ အချိန်မှာလည်း နောက်တကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

တိုက်ပွဲအပြီးမှာ ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ အလုံး ၃၀ လောက် တိုက်ပွဲဖြစ်ပွားရာကျေးရွာတွေဘက်ကို ရမ်းသန်းခြောက်လှန့် ပစ်ခတ်ခဲ့ရာမှာ  ရွာသားတွေထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့    ရွာသားတွေထိတ်လန့်တကြားဖြစ်ခဲ့ရပါတယ်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်  မြဝတီမြို့ကို လာရောက်ဖို့ ရှိနေချိန် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသတွင်းမှာ စစ်ကောင်စီတပ်တွေက  အင်အားဖြည့်တင်းတာနဲ့  လုံခြုံရေးပိုမိုတင်းကျပ်ထားတယ်လို့လည်း သိရပါတယ်။

အလားတူ ဘားအံမြို့နယ်ထဲမှာလည်း ကရင်ပြည်နယ်စစ်ကောင်စီအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ စစ်တပ်က ကျေးနယ်အုပ်ချုပ်ရေးမှူးတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက  ခေါ်ယူကာ ပြည်သူ့စစ်ဖွဲ့ခိုင်းထားတယ်လို့ သိရပါတယ်။

ပြည်သူ့စစ်အဖြစ်တာဝန်ထမ်းဖို့  ကျေးရွာအုပ်စု တစ်စုကို လူ   ၅၀ ရှာခိုင်းထားပြီး တလကို ဆန် ၁ အိပ်နဲ့ ကျပ်ငွေ ၅၀၀၀၀ ထောက်ပံ့မယ်လို့လည်း ပြောတဲ့အကြောင်း ရပ်ကျေးအုပ်ချုပ်ရေး တွေထံက သိရပါတယ်။    

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013