DVB Logo
Home
မြန်မာသတင်း
မြန်မာငွေတန်ဖိုး အဆမတန်ကျဆင်းမှုကြောင့် လားရှိုးက အရောင်းဆိုင်များ ရပ်ထားရ
DVB
·
October 1, 2021
မြန်မာငွေတန်ဖိုး အဆမတန်ကျဆင်းမှုကြောင့် လားရှိုးက အရောင်းဆိုင်များ ရပ်ထားရ
1 / 5
Donate to DVB

မြန်မာငွေတန်ဖိုး အဆမတန် ကျဆင်းလာမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အိမ်သုံးကုန်စုံပစ္စည်းဆိုင်တွေအပါအဝင် ဆိုင်အတော်များများ အရောင်းအဝယ် ရပ်ထားရတယ်လို့ ဈေးဆိုင်တွေဆီက သိရပါတယ်။

လားရှိးက အိမ်သုံးကုန်စုံပစ္စည်း ရောင်းချနေသူတဦး "ဈေးနှုန်းက အရမ်းကစားလို့ အရောင်းအဝယ် ခဏရပ်တာပေါ့နော်။ ဒီ ၁ ရက်၊ ၂ ရက် ပေါ့နော်။ ကျမတို့ တစ်ဆိုင်တည်း မဟုတ်ပါဘူး။ အကုန်လုံးပါပဲ" လို့ ပြောပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့က တရုတ်ငွေ ယွမ် ၁၀၀ ကို မြန်မာငွေ ၃၈၀၀၀ ကနေ ၄ သောင်း ထိထိုးတက်သွားသလို တရုတ်ငွေလဲတဲ့သူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ သတင်း ထွက်လာပြီးနောက် တရုတ်ငွေစျေး ၃ သောင်း အထိ ကျသွားခဲ့တယ်ပြောပေမယ့် အရောင်းရော အဝယ်ပါ မရှိသလောက် နီးပါးဖြစ်သွားခဲ့ပါတယ်။

ကုန်သည်တစ်ဦးက "အရင်က ဂျုံတစ်အိတ်ကို သုံးသောင်း။ အခု ၉ သောင်း ပေါက်နေပြီ။ ရောင်းတဲ့သူရော ဝယ်တဲ့သူရော ဘယ်လိုမှ မကိုက်တော့ဘူး" လို့ ပြောပါတယ်။

လားရှိုးမြို့မှာ အိမ်သုံးပစ္စည်းအရောင်းဆိုင်အတော်များများ လက်ကား မရောင်းပေးတော့သလို စက်သုံးဆီဆိုင် အများစုလည်း ပိတ်ထားရကာ ဆိုင်ကယ်၊ ကား အသုံးပြုပြီး အလုပ်လုပ်ကိုင် သွားလာနေရတဲ့သူတွေလည်း အကျပ်အတည်း ဖြစ်နေကြတာပါ။

လားရှိုးနဲ့ နမ့်ဖတ်ကာ ဈေးပတ်ယဉ်မောင်းတစ်ဦးကလည်း “ကားခဈေးအရ မတင်လည်း မရ၊ မတင်ရင်လည်း ဆီဈေး အဆမတန်တက်နေတော့ မသွားပဲ ရပ်ထားတော့မယ်” လို့ ပြောပါတယ်။

စက်သုံးဆီတွေ ပြတ်လပ်လာတာကြောင့် နမ့်ဆန်၊ လားရှိုး၊ နမ့်ဖတ်ကာဘက်တွေမှာလည်း ဝယ်လှောင်မယ့်သူတွေနဲ့ ပြန်ရောင်းဖို့ ဝယ်တဲ့သူတွေကို မရောင်းပေးတော့ဘူးလို့ သိရပါတယ်။

တရုတ်ဘက်က စောင်၊ ခြင်ထောင်၊ အိပ်ရာပစ္စည်း ဆိုင်ရှင်တစ်ဦးက "ရောင်း၀ယ်ဖို့ အရမ်းခက်ခဲသွားပြီ။ ငွေစျေးက ဆက်တိုက်တက်နေတော့ မလုပ်တတ်တော့ဘူး။ ခုရှိတာတွေ ထုတ်ရောင်းလိုက်ရင်လည်း ပြန်ဝယ်ရင်ရှုံးတယ်။ စိတ်ဓာတ်ကျနေတယ်။ မရောင်းဘဲ ပိတ်ထားမှ ရတော့မယ်" လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013