DVB Logo
Home
မြန်မာသတင်း
ကျောက်ထုဒေသက စစ်ဘေးရှောင် ၁၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူအညီလိုအပ်
DVB
·
September 30, 2021
ကျောက်ထုဒေသက စစ်ဘေးရှောင် ၁၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူအညီလိုအပ်
1 / 5
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ကျောက်ထုဒေသမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာတွေ အကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင် အကူအညီပေးရေးအဖွဲ့ကနေ သိရပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ မင်းတပ် CDF နဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲ ဖြစ်ပွားနေတာ ကြောင့် ကျောက်ထုမြို့ကို တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော်အတွက် အရေးပေါ် အခြေခံစားသောက်ကုန်တွေ အကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်အကူအညီ ပေးရေးအဖွဲ့က ဦးဆောင်သူတစ်ယောက်က  ဒီဗွီဘီကို ပြောပါတယ်။

မင်းတပ်မြို့ဘက်က တိုက်ပွဲရှောင်လာတဲ့ ပြည်သူတွေကို နေရာ ၄ နေရာခွဲပြီးတော့ စစ်ရှောင်စခန်းဖွင့်ကာ အကူညီပေးနေပြီးတော့ စစ်ကောင်စီတပ်တွေကတော့ မကြာခဏ ဝင်ရောက်စစ်ဆေးတာတွေရှိတယ်လို့ ဆိုပါတယ်။

အရေးကြီးလိုအပ်နေတာကတော့ အခြေခံစားသောက်ကုန်ဖြစ်ပြီးတော့ ပခုက္ကူ၊ မန္တလေးမြို့ တွေဘက်နဲ့ ပေါက်မြို့သရက်တောဂိတ်က လုံးဝပိတ်ထားတာကြောင့် ဒေသအတွင်းက အကူအညီ တွေ ရယူပြီးတော့ ယခင်က ဆန်တစ်အိတ်ကို ၂၈၀၀၀ ကျပ်နဲ့ ဝယ်ယူထောက်ပံ့ရာကနေ ယခု ၃၈၀၀၀ ကျပ်ထိ ဝယ်ယူထောက်ပံ့နေရတယ်လို့ ပြောပါတယ်။

မိုးတွင်းကာလဖြစ်တာကြောင့် နေထိုင်ရေး အခက်ခဲတွေရှိလို့ နေအိမ်တစ်ချို့ကို ငှားရမ်း ကူညီထားရပြီးတော့ ယာယီအဆောက်ဦတွေ ဆောက်လုပ်ပေးမှာဖြစ်သလို ကျန်းမာရေး စောင့်ရှောက်တာတွေလည်း အဆင်ပြေတဲ့နည်းလမ်းတွေနဲ့ အကူညီပေးထားတယ်လို့ဆိုပါတယ်။

ကျောက်ထု စစ်ဘေးရှောင်အကူညီပေးရေးအဖွဲ့ကို အဖွဲ့ဝင် ၉ ယောက်နဲ့ ဖွဲ့စည်းထား ပြီးတော့ မိဘပြည်သူတွေအနေနဲ့  စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းချင်တယ်ဆိုရင် ဖုန်းနံပတ်  0940146900/ 09400300082/ 09256270891 ကို ဆက်သွယ်လှူဒါန်းပေးကြဖို့ အကူအညီ တောင်းခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013