DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် စစ်ကောင်စီသတင်းပေး ၁ ဦး အသတ်ခံရ
DVB
·
September 30, 2021
မုံရွာတွင် စစ်ကောင်စီသတင်းပေး ၁ ဦး အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ လယ်ဇင်ကျေးရွာက  စစ်ကောင်စီသတင်းပေးဆိုပြီး လူသိများတဲ့ အမျိုးသား တယောက် စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက မုံရွာ-ကျောက္ကာလမ်း ဇလုပ်ဆီဆိုင်အနီးမှာ အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒေသခံတဦးက "ငအောင်က စစ်တပ်ကိုသတင်းပေးလုပ်တယ်။ လယ်ဇင်ရွာမှာ စာသင်ကျောင်း  မီးရှို့ ဖျက်ဆီးတုန်းက သူက ပါဝင်ပတ်သက်မှုရှိတယ်။ မုံရွာမှာ လက်ပြန်ကြိုးတုပ်ပြီး လည်ပင်း ဓားနဲ့လှီးသွားတယ် ဘယ်သူလုပ်လဲတော့မသိဘူး" လို့ ပြောပါတယ်။   

စစ်ကောင်စီသတင်းပေးငအောင်ကို Monywa Heroes Group နဲ့ Monywa Satan အဖွဲ့က ပူးပေါင်းသုတ်သင်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၉ ရက် ညနေပိုင်းမှာလည်း မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ တွဲဖက် အတွင်းရေးမှူးလည်းဖြစ် စစ်ကောင်စီအတွက်  လူစုဆောင်းပေးတဲ့ ပျူစောထီး အဖွဲ့ဝင် သန်းဌေးကို MONYWA THE BOY နဲ့ MONYWA UG အဖွဲ့တို့ ပူးပေါင်းပြီး  သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013