DVB Logo
Home
မြန်မာသတင်း
ဝက်လက်တွင် တရက်တည်း မိုင်တဲလ်တာဝါတိုင် ၂ ခု ဖောက်ခွဲဖျက်ဆီးခံ‌ရ
DVB
·
September 30, 2021
ဝက်လက်တွင် တရက်တည်း မိုင်တဲလ်တာဝါတိုင် ၂ ခု ဖောက်ခွဲဖျက်ဆီးခံ‌ရ
Donate to DVB

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းမှာ စက်တင်ဘာ ၂၉ ရက် တရက်တည်း မြို့နယ်အနောက်ခြမ်း နဲ့ အရှေ့ခြမ်းတွေက မိုင်တဲလ်တာဝါတိုင် ၂ ခုနဲ့ ဆက်စပ်ပစ္စည်းတွေ ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“၂၉ ရက်မနက် ၂ နာရီလောက်က ဝက်လက် အရှေ့ပိုင်း မိုင်တဲလ်တိုင်ကဆက်စပ်ပစ္စည်းတွေကို ဖောက်ခွဲဖျက်ဆီးခံရပြီး၊ ၂၉ ရက် ည ၉ နာရီလောက်မှာ ဝက်လက်အနောက်ခြမ်း မိုင်တဲလ်တိုင်က ဆက်စပ်ပစ္စည်းတွေကို ဖောက်ခွဲဖျက်ဆီးခံရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဝက်လက်မြို့နယ်၊ သရိုင်ရွာနဲ့မင်းကုန်းကြားက မိုင်တဲလ်တာဝါတိုင်နဲ့ ယင်းမတောကျေးရွာက မိုင်တဲတာဝါတိုင်တို့ကို တရက်တည်း ဖောက်ခွဲဖျက်ဆီးခံရတာဖြစ်ပြီး အရှေ့ခြမ်းကတိုင်ကိုတော့ ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့က သူတို့လက်ချက်ဖြစ်တယ်ဆိုတာ ထုတ်ပြန်ထားပါတယ်။

ဝက်လက်အနောက်ခြမ်း ယင်းမတောကျေးရွာအနီးက မိုင်တဲလ်တာဝါတိုင်ကိုတော့ ဘယ်အဖွဲ့က ဖောက်ခွဲတယ်ဆိုတာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

ဝက်လက်မြို့နယ်မှာ စက်တင်ဘာ ၁၂ ရက်နေ့ကစပြီး စစ်အုပ်စုရဲ့ ထောက်တိုင်စီးပွားရေးဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင်နဲ့ ဆက်စပ်ပစ္စည်းတွေကို ဖောက်ခွဲဖျက်ဆီးခဲ့တာ ၇ တိုင်မြောက်ရှိသွားပြီလို့ သိရပါတယ်။

စစ်ကိုင်တိုင်း၊ စစ်ကိုင်းမြို့နယ် တောင်ကြားရွာအနီးရှိ မိုင်တဲလ် တာဝါတိုင်နဲ့ ပေါင်းမရွာအနီးရှိ မိုင်တဲလ် တာဝါတိုင်တို့လည်း မနေ့ည ၆ နာရီကျော်နဲ့ ၇ နာရီကျော်လောက်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013