DVB Logo
Home
မြန်မာသတင်း
လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့သည့် ၉ နှစ်သားလေးအပါအဝင် ကျဆုံးပြည်သူ ၁၁၄၆ ဦးထိ ရှိလာ
DVB
·
September 30, 2021
လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့သည့် ၉ နှစ်သားလေးအပါအဝင် ကျဆုံးပြည်သူ ၁၁၄၆ ဦးထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၈ လနီးပါးအကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၄၆ ယောက်ထိ ရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင် တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူအယောက် ၈၅၇၃ ဖမ်းဆီးခံခဲ့ရကာ ၆၉၁၄ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၀၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၈၉ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့၊ ည ၁၀ နာရီလောက်က လောက်ကိုင်အခြေစိုက် အကြမ်းဖက် စစ်အုပ်စုတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ရှမ်းပြည်နယ်၊ မုံးကိုးမြို့နယ်၊ မန်ခါးကျေးရွာက နေအိမ်တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၉ နှစ်အရွယ် မောင်မာဘုံနဲ့ မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ဒဏ်ရာပြင်းထန်တဲ့ မောင်မာဘုံကတော့ နောက်တနေ့ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းမှာ ကျဆုံးသွားခဲ့ တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ အရပ်သား ၃ ယောက်ကို အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၂၅ ရက်နေ့မှာ ဖမ်းဆီးပစ်သတ်ခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါအရပ်သား ၃ ယောက်ကတော့ ကမ်းလောင်းကျေးရွာက အသက် ၆၀ အရွယ် ဦး လိန်းဟုန်း၊ အသက် ၃၀ ဝန်းကျင်အရွယ် ကိုလိန်းအောင်နဲ့ ကျော့တော်ကျေးရွာမှ အသက် ၃၀ ဝန်းကျင်အရွယ် ကိုကွီးအွမ်တို့ဖြစ်ကြပြီး သူတို့ဟာ စစ်ဘေးရှောင်စခန်းမှ ကျေးရွာရှိ နေအိမ်ကို ရိက္ခာပစ္စည်းတွေ သွားရောက်ယူဆောင်ချိန်မှာ ကန်ပက်လက်လေယာဉ်ကွင်း သစ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြတာ ဖြစ်ကြောင်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖဲလျားကျေးရွာ မှ ကိုစူးရယ်နဲ့ ကိုကျော်လင်းပိုင်တို့ဟာ စားစရာတွေ သွားရောက်ဝယ်ယူချိန်မှာ ပျောက် ဆုံးသွားခဲ့ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို စက်တင်ဘာ ၂၈ ရက်နေ့မှာ ပြန်လည်တွေ့ ရှိခဲ့တယ်လို့ သိရှိပါတယ်။ သူတို့ ၂ ယောက်ကို ဒေါခလိုက်လင်း ဘောလုံးကွင်းနားအ ရောက်မှာ အကြမ်းဖက်စစ်အုပ်စုတပ်က ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီး မေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေး ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013